Pages

Friday 9 March 2012

တောင်ငူပြည်သူများကNLDနဲ့ဒေါ်စုကိုဂျင်ဂလိများဖြင့်သောင်းသောင်းဖျဖျကြိုဆိုခဲ့



ပြည်သူလူထု တရပ်လုံးက ချစ်လှပါတယ်၊ ထောက်ခံလှပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပဲခူးတိုင်း တောင်ငူုမြို့ လူထုက ဂျင်ကလိများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲမှာ ဟောပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို
တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံရပြီး ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ ရောက်ထိမှန်တာဖြစ်ကြောင်း သိရသည်။ ပြည်သူပေးတဲ့ ဂျင်ကလိ လက်ခံရရှိသူ လုံခြုံရေးအဖွဲ့ ဝင်ကို ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း သတင်းရရှိပါသည်။

မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာ ကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။ မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်လျှက်ပင် အမျိုးဂုဏ်မစောင့်ပဲ နိုင်ငံခြားသားကို လက်ထပ်ယူမှု၊ မြန်မာပြည်သူတွေကို ဆင်းရဲမွဲတေစေမယ့် စီးပွားပိတ်ဆို့မှုအား ကာကွယ်မှု အပါအဝင် အခြား မကောင်းတဲ့ အကျင့်များကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူထု က မကျေမနပ်ဖြစ်နေကြပြီး ဂျင်ကလိများ၊ လောက်စာလုံးများနဲ့ သောင်းသောင်းဖြဖြကြိုဆိုကြတာ ဖြစ်နိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ဒီပဲရင်း မြို့က သိန်းနဲ့ ချီတဲ့ လူအုပ်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သောင်းသောင်းဖြဖြကြိုဆိုဖို့ စောင့်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကိုင်းမြို့အဝင်မှာ မိနစ် ၂၀ လောက် စကားပြောပြီးတာနဲ့ ရောက်ခဲ့ပြီးသား မန္တလေးဆီသို့ သုတ်ခြေတင် ထွက်ပြေးသွားကြောင်းလည်း သတင်းရရှိပါသည်။
 
                               Myanmarexpress.net မှကူးယူဖော်ပြသည်


No comments:

Post a Comment