Pages

Tuesday 3 July 2012

ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်အယောင်ဆောင် KIA တပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ


မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားရှစ်ခိုးကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ  KIA တပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသော ဒုက္ခသည် ယောင်ဆောင်နေသည့် လထော်ဘရန်ရှောင် ဆိုသူအား (၁၇ - ၆ - ၂၀၁၂) ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းကို မြစ်ကြီးနားရှိ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်နဲ့ သိက္ခာတော်ရ ခရစ်ယာန် ဆရာတချို့မှ ဦဆောင်ပြီး ၄င်းဖမ်းဆီးထားသူအား ချွင်းချက်မရှိ လွတ်ပေးရန် ဇူလိုင်လ (၆)ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အမှန်မှာ လထော်ဘရန်ရှောင်သည် KIA တပ်ဖွဲ့မှ ကိုယ်ပိုင်အမှတ် A- ၁၈၅၅၅ တပ်ကြပ်ကြီး အဆင့်ရှိသူဖြစ်ပြီး ၎င်း၏ KIA တပ်ဖွဲအတွင်းလုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့ ရာဇ၀တ်တရားသူကြီးထံ ၀န်ခံထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။ 


လထော်ဘရန်ရှောင် အနေဖြင့် တရားသူကြီးထံဖြောင့်ချက်ပေး ပြောဆိုသည်မှာ ၄င်းအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လခန့်က ဂရားယန်ရွာတွင် တောင်ယာလုပ်ကိုင်နေစဉ် KIA အဖွဲ့၏ လူသစ်စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန်တွင် စစ်သင်တန်း (၆)လခန့် တက်ခဲ့ရကြောင်း၊ သင်တန်းပြီသောအခါ ဒုတပ်ကြပ်အဆင့်ပေးပြီး ကိုယ်ပိုင်အမှတ်မှာ၊     A-၁၈၅၅၅ ဖြစ်ကြောင်း၊    ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ ယန်ကျင်းမြို့သို့ သွားရောက်ပြီး KIA တပ်ဖွဲ့အတွင်း အသုံးပြုရန်အတွက် AK-47 (၁၀) လက်၊ G-4 (၂၀)လက် ၊ M22 (၁၀)လက် ၊ M21 (၁၅) လက် ၊ စက်လက် (၂) လက် ၊ မိုင်းသေတ္တာ (၂)လုံး၊ ကျည်ဆံသေတ္တာ (၄)လုံး တို့ကို လားများနှင့် သယ်ဆောင်သည့် တာဝန်ကို ထမ်းဆောင်ရကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလခန့်တွင် လိုင်စင်စခန်းမှ အင်ဂွန်လစခန်းသို့ လူအင်အား (၂၀)ကို ဦးဆောင်ကာ သေနတ်ပေါင်းစုံ (၁၅)လက်နဲ့ မိုင်းသေတ္တာ (၁)လုံးတို့ကို ပို့ဆောင်ပေးရကြောင်း၊ ၄င်းနောက် အင်ဂွန်လစခန်းတွင် (၁)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊၂၀၀၉ ခုနှစ် (၁၁)လပိုင်းတွင် လိုင်စင်စခန်းသို့ ပြန်လည်ရောက်ရှိကာ မုန်ဆန်ယန်တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ရကြောင်း၊ သင်တန်း ဆင်းသောအခါ တပ်ကြပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် (၆)လပိုင်းတွင် အင်အား (၅၀)ဦးခန့်ဖြင့် ဗန်းမော်ဘက်သို့စစ်ကူသွားရာ လမ်းတွင်တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းအဖွဲ့မှ (၁၅)ယောက်သေဆုံးပြီး (၉)ဦး ဒဏ်ရာရသဖြင့် မုန်ဆန်ယန်သို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက် ပိုက်ဆာပါစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းစခန်းတွင် ဒုဗိုလ်နော်ရာနှင့် လူခြောက်ဦးမှ ဗမာတစ်ဦးအား ချုပ်နှောင်ကာ ဓားနှင့်ထိုးပြီး ညှင်းပန်းနှိပ်စက် ထားသည်ကို တွေ့ရှိရကြောင်း၊     ၄င်းမှာသွေးသံတရဲရဲနှင့် သေမလိုဖြစ်နေပြီး စကားမပြောနိုင်တော့ကြောင်း၊ ဗိုလ်နော်ရာက ၄င်းဗမာအား သတ်ခိုင်းရာ ဒုတ်ဖြင့် လည်ပင်းကို (၃)ချက်ရိုက်၍ သတ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် လိုင်စင်စခန်းသို့ထွက်ခွါခဲ့ကြောင်း၊ ၄င်းနောက် မိန်းမမီးဖွားရန် အကြောင်းပြပြီး လိုင်စင်စခန်းမှ ထွက်ခွာလာရာ (၂၈-၆-၂၀၁၁)ရက်နေ့တွင် မြစ်ကြီးနားရှိ အဒေါ်အိမ်တွင် (၁)လခန့်နေထိုင် ခဲ့ကြောင်း၊ ၄င်းမှတဆင့် ဂျန်မိုင်ကောင်ဒုက္ခသည် စခန်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်အတွင်းရှိ ဒုက္ခသည်စခန်းများကို တာဝန်ယူထားသော ခရစ်ယာန် သိက္ခာတော်ရ ဆရာအများစုမှာ ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်အမျာကို ကာကွယ် ပေးထားလျက်ရှိပြီး ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အယောင်ဆောင် KIA အများအပြားရှိကြောင်းသိရှိပါသည်။ ၎င်း KIA တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းတံတားများအား ဖောက်ခွဲခြင်း ပြည်သူလူထုအား တုန်လှုပ်ခြောက်ခြားအောင် ဆောင်ရွက်နေခြင်းတို့ကို ဆောင်ရွက်နေပါသည်။ ထို့ကြောင့် လာရောက်ခိုလှုံနေသော အမှန်တကယ် ဒုက္ခရောက်နေသည့် စစ်ဘေးဒုက္ခသည်များမှာ ပိုမိုစိတ်သောက ရောက်နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းအတွင်းမှ ကချင်ဒုက္ခသည်များ၏ သတင်းပေးမှုကြောင့် ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


Monday 2 July 2012

ဆဒုံးမြို့နယ်တွင် KIA ကြောင့် စာသင်ကျောင်းများမဖွင့်ရသဖြင့် အစိုးရသို့တောင်းဆို


 မေ ၃၁ရက်
ဆဒုံးမြို့ရှိ အထက်တန်းကျောင်းတွင် မေလ ၂၅ ရက်နေ့တွင် ကျောင်းအပ်လက်ခံရန် ပြောကြားထား
သော်လည်း KIA ၏ နှောင့်ယှက်ပစ်ခတ်မှု မိုင်းခွဲမှုတို့ကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိ သဖြင့် ဆဒုံးမှ
ကျောင်းသားမိဘများက ၀ိုင်းမော်မြို့ ပညာရေးမှူးရုံးနဲ့ ကချင်ဝန်ကြီးချုပ်သို့ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။
ဆဒုံးမြို့ ကျောင်းသားမိဘ ၁၀၀ကျော်နဲ့ ဆနာ၊ ဖုန်ကန်၊ လုထောင်၊ စကားပါ၊ လဖိုင်ရွာတို့က ကျောင်းသားမိဘတို့က
တောင်းဆိုထားတာဖြစ်ပါတယ်။
ဆဒုံးမြို့မှာ အထက်တန်းကျောင်းရှိသဖြင့် ကချင်လူငယ်လေးတွေက ပညာတက်တွေ ပေါများလာနေပါတယ်။
ကျောင်းသားကလေးလူငယ်တွေက မိဘရင်ခွင်ထဲမှာနေပြီး ပညာရေးကို ကောင်းကောင်းဆောင်ရွက်နိုင်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂လလောက်က ဆဒုံးမြို့ အုပ်ချုပ်ရေးရုံးမှာ ၀န်ထမ်း(၄) ယောက်ကို KIA က သတ်သွားတဲ့ အတွက် ဆရာ၊
ဆရာမ တွေက ကြောက်နေကြပေမယ့် ကချင်လူငယ်လေးတွေ ပညာတက်ရေးအတကွ် ပညာလာရောက်
သင်ကြားစေချင်ပေမယ့် KIA ရဲ့ နေ့စဉ်နဲ့ အမျှ မိုင်းထောင်မိုင်းခွဲ လူသတ်နေတာတွေကို လုပ်နေတဲ့ အပြင် စာသင်ကျောင်း
ဖွင့်ဖို့ တောင်ပိတ်ပင်မှုတြွေဖစ်နေရပါတယ်။ အဲဒါကြောင့် ကျောင်းသားမိဘတေကွ အစိုးရဆီတိုင်ကြားတာ ဖြစ်ပါတယ်။
KIA အဖွဲ့က ကချင်ကလေးငယ်တွေကို ပညာတက်တာကို ဘာကြောင့် မလိုချင် ရတာလဲဆိုတာ စဉ်းစားလို့
မရဘဲဖြစ်နေကြရပါတယ်။ KIA အဖွဲ့ကလည်း ကချင်လူမျိုးတွေဘဲ ဖြစ်ပါတယ်။ ကလေးတွေပညာမတက်တော့မှ
သူတို့ပြောတာခိုင်းတာကို လုပ်နိုင်မှာဖြစ်တာကြောင့် ဖြစ်နိုင်ပါတယ်။ KIA ခေါင်းဆောင်တွေရဲ့ သားသမီးတွေကျတော့
နိုင်ငံခြားမှာ အထိကိုတောင် ပညာသွားရောက်သင်ကြားစေပြီး ကချင်ပြည်သူတွေရဲ့ သားသမီးတွေ ပညာသင်ကြားဖို့
ပိတ်ပင်တာ တရားမျှတမှုမရှိတဲ့အတွက် အခုလိုတိုင်ကြားရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ ပညာရေးကို နှောင့်ယှက်နေတဲ့ KIA အဖွဲ့ကို အစိုးရက အမြန်ဆုံး ပြတ်ပြတ် သားသားအရေးယူပြီး
ကချင်ပြည်နယ်၊ နိုင်ငံတော်အတကွ် အနာဂတ် ကြယ်ပငွ့်လေးတေကွို စာပေပညာ သင်ကြားပေးနိုင်အောင်
စီစဉ်ဆောင်ရွက်ပေးရန် တောင်းဆို ထားပါတယ်လို့ KDN သတင်းဌာနသို့ ဆဒုံးမြို့ခံတစ်ဦးက ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှ ပြည်သူတို့၏အသံ



မစ်ကြီးနား မေ ၂၉
ဗန်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကြောင့် လူငယ်တော်တော်များများ မူးယစ်ဆေးဝါးစွဲ
နေကြ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ သူတွေပါဝင်နေပါတယ်။ မူးယစ်ဆေးဝါး ရောင်း
သူတွေကတော့ ပိုက်ဆံရဖို့သာအဓိကဖြစ်တာကို လူငယ်၊လူကြီးမရွေး ဖောက်သည်ဖြစ်ပြီးရောသဘောနဲ့ ရောင်းနေ
ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ တွေကို ဖမ်းဖို့လွယ်ကူပေမဲ့ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကို ဖမ်းဆီးရမိတဲ့သတင်းမျိုး
မကြားရဘူး ဖြစ်နေပါတယ်။ အခုဆိုရင်သားသမီးတွေရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေတယ်လို့ မိဘတွေက
ပြောဆိုနေ ကြပါတယ်။တနိုင်းမြို့မှာ ရှိနေကြတဲ့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေ ကျောင်းအပ်နှံဖို့
အခက်အခဲတော်တော် များများနဲ့ရင်ဆိုင်နေကြရပါတယ်။ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ နယ်မြေအေးချမ်းမှု
မရှိတဲ့အခက်အခဲဖြစ်နေ ပါတယ်။ စစ်တပ်နဲ့ KIAတပ်တွေ တိုက်ပွဲတွေဖြစ်နေလို့ နယ်မြေမအေးချမ်းဘူး။ နယ်မြေ
မအေးချမ်းတော့ အလုပ်အကိုင် ကောင်းကောင်းမွန်မွန်မလုပ်ကြရပါဘူး။ အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့
ကျောင်းသားတွေကျောင်းမထားနိုင်ကြတော့ပါဘူး။ပိုက်ဆံရှိလို့ထားမယ်ဆိုရင်တောင်ကချင်လက်နက်ကိုင် တွေကို
ကြောက်နေရလို့ ကျောင်းမအပ်နှံရဲကြ ပါဘူး။ဒါကြောင့်လဲ ဒေသခံတွေ တောင်းဆိုနေတာကြ ငြိမ်းချမ်းရေးပင်ဖြစ်ပါတယ်။
ကာမိုင်းမြို့နယ်မှာရှိကြတဲ့ သူတွေကလဲ သူတို့ဒေသမှာ ငြိမ်းချမ်းရေးမှုမရှိ၊ တိုက်ပွဲတွေဖြစ်နေ၊ မိုင်းတွေပေါက်ကွဲ
နေလို့ သူတို့ရဲ့ကလေးတေကွို ဒီနယ်မြေက ကျောင်းတေမွှာမထားတော့ဘဲ မြို့ကြီးတေမွှာ ရွှေ့ပြောင်းထားနေကြပါတယ်။
ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ ကျောင်းအပ် သူတွေထက် ကျောင်းပြောင်းရွှေ့နေသူက ပိုမိုများပြားတယ်လို့ သိရပါတယ်။
ဒါဟာ စစ်ရဲ့ စစ်ဆိုးကျိုးတွေဖြစ်တဲ့အတွက် KIA ရဲ့ ငြိမ်းချမ်းရေးမယူတဲ့လုပ်ရပ်အပေါ် ဒေသခံလူထုတွေ နားမလည်နိုင်
ဖြစ်ကြရပါတယ်။ မိုးညှင်းမြို့မှာနေထိုင်ကြတဲ့သူတွေကလဲ သူတို့မြို့နယ်အတွင်းရှိကြတဲ့ ပြည်သူတွေအသံကို
ဒီလိုပေဲ ပြာပြကြ ပါတယ်။မိုးညှင်း-ဟိုပင်-မိုးကောင်းသွားတဲ့လမ်းမကြီးဟာတစ်နေ့ထက်တစ်နေ့ ပိုမို ပျက်စီးလာနေပါတယ်။
ယာဉ်မောင်းနှင် ရာမှာအလွန်ပဲ အန္တရာယ်ရှိနေပြီး ခရီးအချိန်ကြန့်ကြာမှုဟာလဲ စိတ်မရှည်နိုင်အောင်ကြာနေပါတယ်။
နွေရာသီမှာ ဖုံအလွန်ထ မိုးရာသီမှာ ရေအိုင်ပေါ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့ မိုးညှင်း-ဟိုပင်-မိုင်းကောင်း
ကားလမ်းအား သက်ဆိုင်ရာ ပြုပြင်ပေးစေလိုကြောင်းနဲ့ မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်တွေကိုလဲ ထိထိရောက်ရောက်
အရေးယူပေးဖို့ ပြောနေကြပါတယ်။ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ တွင်ရေ၊ချောင်းရေ၊
မြောင်းရေတွေခမ်းခြောက်ကုန်လို့လယ်ယာစိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေပါတယ်။ ရာသီဥတု အလွန်ပူပြင်းတဲ့
အတက်ွသောက်သုံးရေအခက်အခေဲ တွ့ကြုံနေရပါတယ်။မိုးမရွာ ဘဲအပူချိန်ဆက်လက်မြင့်တက်နေမယ် ဆိုရင်လာမယ့်
နှစ်မှာ စပါးအထွက်နှုန်းလဲကျသွား နိုင်ဖွယ်ရှိနေပါတယ်။ စပါးမထွက် ငွေမရ ဆင်းရဲသားတို့ဒုက္ခ ဆိုသလိုဖြစ်နေတော့
မှာဖြစ်တဲ့အတွက် လက်ရှိ အခြေအနေ အရ ကုန်ဈေးနှုန်းမတက်ဖို့ သက်ဆိုင်ရာက ထိန်းသိမ်းပေးဖို့ ပြောဆိုနေကြပါတယ်။
မိုးမိတ်မြို့မှာတော့ မြို့ကက်ွကကျင်းကျင်း မော်တော်ဆိုင်ကယ်တွေကများများ ဖြစ်နေတာမို့ ယာဉ်တိုက်မှုတွေ
မကြာခဏဖြစ်နေပါတယ်။ မိုးမိတ်-မန္တလေး လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ် လိုင်းဂတ်တွေ ကလဲ မြို့လယ်အတွင်းမှာ
ထားရှိနေတဲ့အတွက် အဝေးပြေးဂိတ်တွေကို မြို့အပြင်ထုတ်ပေးသင့်တယ်လို့ ပြောဆို နေပါတယ်။ အခုအခါမှာ
တရုတ်နိုင်ငံ က လုပ်တဲ့ ဆိုင်ကယ်တွေ ၀င်ရောက်မှုပိုမိုများပြားလာနေတဲ့အတွက် ဆိုင်ကယ်စီးနင်းမှုကို
စည်းကမ်းတကျဖြစ်အောင် လုပ်ပေးဖို့ ပြောဆိုနေပါတယ်။

Thursday 7 June 2012

အင်းတော်ချောင်းကူးတံတားအား KIA မှ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့




ဇွန် ၂ ရက်
မနေ့ညနေ ၈နာရီခွဲလောက်တွင် ကာမိုင်း-မအူပင်-၆မိုင်ဖြတ်လမ်း၁ရှိ အင်းတော်ချောင်းကို
ဖြတ်ကူး တည်ဆောက်ထားတဲ့ အင်းတော်ချောင်းကူးတံတားအား အဝေးထိန်းစနစ်ဖြင့် KIA
မှဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ ဖောက်ခွဲခဲ့မှုကြောင့် တံတား၏ကားဘီးလျှောက်လမ်းကြမ်းခင်းမှာ
ပျက်စီးသွားခဲ့ပေမယ့် လူနဲ့ယာဉ်မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။


KIA မှအခုလို ကချင်ပြည်နယ်အတွင်းမှာ တံတားတွေဖျက်ဆီးနေမှုဟာ အစင်း ၂၀၀ နီးပါး
ရှိနေပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်းစားရေး၊ ကချင်သမ္မတနိုင်ငံထူထောင်ရေးတို့ကို အကြောင်း
အမျိုးမျိုးပြနေပေမယ့် တကယ်တမ်း KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေက ကချင်ပြည်နယ်နဲ့ ကချင်
လူမျိုးများ၏ လူနေမှုဘ၀နိမ့်ကျအောင်လုပ်နေပြီး KIA ခေါင်းဆောင်များ အာဏာတည်မြဲဖို့ လုပ်ဆောင်
နေတယ်ဆိုတာသိနိုင်ပါတယ်။ KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်ကို အဆက်မပြတ်လုပ်ဆောင်နေတဲ့
အတွက် ကချင်ပြည်သူလူထုက စက်ဆုပ်ရွံ့မုန်းတီးနေကြပြီး ဘုရားသခင်ရဲ့ ဒဏ်ခတ်ခံရတော့မှာ
ဖြစ်တယ်လို့ ကာမိုင်းမှ လူတွေက ပြောဆိုနေကြတယ်လို့ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှ ပြည်သူတို့၏ အသံများ

မြစ်ကြီးနား ဇွန် ၃
တနိုင်း-မြစ်ကြီးနား ကားလမ်းကြောင်းမှာရှိတဲ့ အချို့နေရာတွေမှာ KIA လက်နက်ကိုင်တပ်တွေနဲ့ အစိုးရ
တပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံခရီးသွားတွေအတွက် အခက်အခဲကြီးမားစွာ
ကြုံတွေ့နေရပါတယ်။ လမ်းကြောင်းမှာ KIA တပ်တွေမရှိဘူးထင်ပြီး သွားလာပေမဲ့ KIA တပ်တွေကစောင့်ဆိုင်းပြီး
ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ KIA နဲ့တွေ့လိုက်တာနဲ့ ပိုက်ဆံပေးရင်ပေး၊ ပိုက်ဆံမပေးနိုင်လို့ကတော့ သူတို့တပ်ဖွဲ့မှာ
လူသစ်အဖြစ်အမှုထမ်းကြရပါတယ်။ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေဆိုရင်လဲ ဖမ်းဆီးခေါ်ဆောင်ပြီး KIA ဗဟိုကို
ပို့ပေးရပါတယ်။ KIA ဗဟိုမှာတော့ ကိုယ်ရံတော်တပ်ဖွဲ့ဆိုပြီး အမျိုးသမီးတွေချည်းသီးခြားဖွဲ့စည်းထားတာရှိပါတယ်။
အခုဆိုရင် တနိုင်း-မြစ်ကြီးနားလမ်းမှာ ခရီးသွားလာသူမရှိသလောက်ဖြစ်နေပါတယ်။
ကာမိုင်းမြို့နယ်ခွဲအတွင်းမှာလဲ အစိုးရနဲ့ကချင်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။
ဒီလိုမျိုးတိုက်ပွဲတွေဆက်ပြီး ဖြစ်နေမယ်ဆိုရင် ကလေးတွေနောင်ရေးဟာ စိုးရိမ်ရပါတယ်။ ကလေးတွေမှာ စိုးရိမ်
ထိတ်လန့်မှုတွေနဲ့ကျောင်းတက်နေကြရပါတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။ သူတို့မိဘတွေအနေနဲ့
တစ်ခြားကျေးရွာတေဆွီ မှာကျောင်းပြောင်းထားဖို့ကျပြန်တော့လည်း ကချင်ပြည်နယ်တစ်ခုလုံးနီးပါး လုံခြုံရေး
စိုးရိမ်ရတဲ့အနေအထားဖြစ်နေတာမို့ တစ်ဒေသနဲ့တစ်ဒေသ သူမသာကိုယ်မသာလို့ပြောလို့ရပါတယ်။ အဓိကဖြစ်စေချင်
နေကြတာကတော့ KIA နဲ့အစိုးရတပ်တွေ ထာဝရငြိမ်းချမ်းတည်ဆောက်နိုင်ဖို့ပဲ လိုလားနေကြပါတယ်။
ဗန်းမော်မြို့က ခေါင်းရွက်ဗျတ်ထိုးဈေးသည် အချို့အနေနဲ့အရင်တုန်းက ဗန်းမော်မြို့ထဲကို နံနက်
အစောကြီး ၀င်ခွင့်ပေးခဲ့ပေမယ့် အခုအခါ လုံခြုံရေးဂိတ်တွေဖွင့်ထားပြီး အချိန်သတ်မှတ်ထားတဲ့အတွက် နောက်ကျမှ
ဝင်ခွင့်ရပါတယ်။ အဲလိုအချိန်နောက်ကျတဲ့အတွက် ရွာတေမွှာ လှည့်လည်ရောင်းချဖို့ အခက်အခဲရှိတယ်လို့
ပြောပါတယ်။ လုံခြုံရေးဂိတ်တွေထားရှိပြီး လုံခြုံရေး ဆောင်ရွက်နေတာ ဒေသခံတွေအတွက် အလွန်ပဲကောင်းပေမဲ့
ဈေးသည်တွေအတွက်တော့ ဈေးအတွင်းဝင်ရောက်ချိန် စောစောကြိုတင်ခွင့်ပြုပေးဖို့ ပြောနေပါတယ်။
ကသာ-ရွှေကူ-ဗန်းမော်လမ်းကြောင်းမှာပြေးဆွဲနေတဲ့ ရေယာဉ်တွေအနေနဲ့လူနဲ့ကုန်ပစ္စည်းတွေ တင်ဆောင်
ရာမှာ သတ်မှတ်နှုန်းထားထက် ပိုမိုတင်ဆောင်ပြေးဆွဲနေတယ်လို့ သိရပါတယ်။ အဆမတန်တင်ဆောင်နေတဲ့အတွက်
ခရီးသွားပြည်သူတွေအတကွ် အလန်ွပဲအန္တရာယ်များတဲ့အကြောင်း ရွှေကူသင်္ဘောဆိပ်မှာ ပြောဆိုနေကြ
ပါတယ်။ သင်္ဘောတေတွိမ်းမှောက်ခဲ့ရင် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်းတွေ လုံလောက်စွာထားရှိသင့်
သလို အရေးပေါ်မီးသတ်ဗူးတွေလဲ ချိတ်ဆွဲထားရှိပေးမို့ ပြောဆိုနေပါတယ်။
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှာရှိတဲ့ ၀န်ထမ်းမိသားစုနဲ့ ဒေသခံအချို့က မေ(၃၀)ရက်နေ့ ညပိုင်းမှာ
မော်ဖောင်းကျေးရွာ၊ နန်းကွေ့ချောင်းတံတားအနီးမှာ ကားပေါ်က လက်ပစ်ဗုံးတစ်လုံးပစ်ချသွားတဲ့ သတင်းနဲ့
ပတ်သက်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းတွေအနေနဲ့ အဲဒီကားကို အချိန်နဲ့
တစ်ပြေးညီ ဖမ်းဆီးနိုင်မှုမရှိတာကြောင့် နောင်မှာအဖျက်သမားတွေအနေနဲ့ ပိုမိုအတင့်ရဲလာမှာကို စိုးရိမ်နေကြ
ပါတယ်။

Thursday 31 May 2012

ကချင်ပြည်နယ်မှ ပြည်သူတို့၏အသံ



မြစ်ကြီးနား မေ ၂၉
ဗန်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကြောင့် လူငယ်တော်တော်များများ မူးယစ်ဆေးဝါးစွဲ
နေကြ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ သူတွေပါဝင်နေပါတယ်။ မူးယစ်ဆေးဝါး
ရောင်း သူတွေကတော့ ပိုက်ဆံရဖို့သာအဓိကဖြစ်တာကို လူငယ်၊လူကြီးမရွေး ဖောက်သည်ဖြစ်ပြီးရောသဘောနဲ့
ရောင်းနေပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဖို့လွယ်ကူပေမဲ့ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကို ဖမ်းဆီးရမိတဲ့
သတင်းမျိုး မကြားရဘူး ဖြစ်နေပါတယ်။ အခုဆိုရင်သားသမီးတွေရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေတယ်လို့ မိဘ
တွေက ပြောဆိုနေကြပါတယ်။
တနိုင်းမြို့မှာ ရှိနေကြတဲ့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေ ကျောင်းအပ်နှံဖို့ အခက်အခဲတော်တော်
များများနဲ့ရင်ဆိုင်နေကြရပါတယ်။ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ နယ်မြေအေးချမ်းမှုမရှိတဲ့အခက်အခဲဖြစ်နေ
ပါတယ်။ စစ်တပ်နဲ့ KIAတပ်တွေ တိုက်ပွဲတွေဖြစ်နေလို့ နယ်မြေမအေးချမ်းဘူး။ နယ်မြေမအေးချမ်းတော့
အလုပ်အကိုင် ကောင်းကောင်းမွန်မွန်မလုပ်ကြရပါဘူး။ အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့ ကျောင်းသားတွေ
ကျောင်းမထား နိုင်ကြတော့ပါဘူး။ ပိုက်ဆံရှိလို့ထားမယ်ဆိုရင်တောင် ကချင်လက်နက်ကိုင်တွေကို ကြောက်နေရလို့
ကျောင်းမအပ်နှံရဲကြပါဘူး။ဒါကြောင့်လဲ ဒေသခံတွေတောင်းဆိုနေတာကြ ငြိမ်းချမ်းရေးပင် ဖြစ်ပါတယ်။
ကာမုငိးမြို့နယ်မှာရှိကြတဲ့ သူတွေကလဲ သူတို့ဒေသမှာ ငြိမ်းချမ်းရေးမှုမရှိ၊ တိုက်ပွဲတွေဖြစ်နေ၊
မိုင်းတွေေ ပါက်ကွဲနေလို့ သူတို့ရဲ့ကလေးတွေကို ဒီနယ်မြေက ကျောင်းတွေမှာမထားတော့ဘဲ မြို့ကြီးတွေမှာ
ရွှေ့ပြောင်းထားနေကြပါတယ်။ ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ ကျောင်းအပ် သူတွေထက် ကျောင်းပြောင်းရွှေ့နေသူက
ပိုမိုများပြားတယ်လို့ သိရပါတယ်။ ဒါဟာ စစ်ရဲ့စစ်ဆိုးကျိုးတွေဖြစ်တဲ့အတွက် KIA ရဲ့ ငြိမ်းချမ်းရေးမယူတဲ့လုပ်ရပ်
အပေါ် ဒေသခံလူထုတွေ နားမလည်နိုင် ဖြစ်ကြရပါတယ်။
မိုးညှင်းမြို့မှာနေထိုင်ကြတဲ့သူတွေကလဲ သူတို့မြို့နယ်အတွင်းရှိကြတဲ့ ပြည်သူတွေအသံကို ဒီလိုပဲပြောပြကြ
ပါတယ်။မိုးညှင်း-ဟိုပင်-မိုးကောင်းသွားတဲ့လမ်းမကြီးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပျက်စီးလာနေပါတယ်။
ယာဉ်မောင်းနှင် ရာမှာအလွန်ပဲ အန္တရာယ်ရှိနေပြီး ခရီးအချိန်ကြန့်ကြာမှုဟာလဲ စိတ်မရှည်နိုင်အောင်ကြာနေပါတယ်။
နွေရာသီမှာ ဖုံအလွန်ထ မိုးရာသီမှာ ရေအိုင်ပေါ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့ မိုးညှင်း-ဟိုပင်-
မိုင်းကောင်း ကားလမ်းအား သက်ဆိုင်ရာ ပြုပြင်ပေးစေလိုကြောင်းနဲ့ မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်တွေကိုလဲ ထိထိ
ရောက်ရောက် အရေးယူပေးဖို့ ပြောနေကြပါတယ်။
မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ တွင်ရေ၊ချောင်းရေ၊ မြောင်းရေတွေ ခမ်းခြောက်
ကုန်လို့ လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ ရာသီဥတုအလွန်ပူပြင်းတဲ့အတွက် သောက်သုံးရေ
အခက်အခဲ တွေ့ကြုံနေရပါတယ်။ မိုးမရွာဘဲ အပူချိန်ဆက်လက်မြင့်တက်နေမယ်ဆိုရင်လာမယ့်နှစ်မှာ စပါးအထကွ်
နှုန်းလဲကျသွားနိုင်ဖွယ်ရှိနေပါတယ်။ စပါးမထွက်ငွေမရ ဆင်းရဲသားတို့ဒုက္ခ ဆိုသလိုဖြစ်နေတော့မှာ ဖြစ်တဲ့အတွက်
လက်ရှိအခြေအနေအရ ကုန်ဈေးနှုန်းမတက်ဖို့ သက်ဆိုင်ရာက ထိန်းသိမ်းပေးဖို့ ပြောဆိုနေကြပါတယ်။
မိုးမိတ်မြို့မှာတော့ မြို့ကွက်ကကျင်းကျင်း မော်တော်ဆိုင်ကယ်တွေကများများ ဖြစ်နေတာမို့ ယာဉ်တိုက်မှု
တွေ မကြာခဏဖြစ်နေပါတယ်။ မိုးမိတ်-မန္တလေး လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ် လိုင်းဂတ်တွေ ကလဲ မြို့လယ်
အတွင်းမှာ ထားရှိနေတဲ့အတွက် အဝေးပြေးဂိတ်တွေကိုမြို့အပြင်ထုတ်ပေးသင့်တယ်လို့  ပြောဆိုနေပါတယ်။ အခု
အခါမှာ တရုတ်နိုင်ငံက လုပ်တဲ့ဆိုင်ကယ်တွေ ၀င်ရောက်မှုပိုမိုများပြားလာနေတဲ့အတွက် ဆိုင်ကယ်စီးနင်းမှုကို
စည်းကမ်းတကျဖြစ်အောင် လုပ်ပေးဖို့ ပြောဆိုနေပါတယ်။

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း



မေ ၃၀ ရက်
မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီလောက်မှာ ပူတာအိုမှ မြစ်ကြီးနားသို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ
က၀ပန်ရွာနားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့
ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် KIA အဖွဲ့ က သေနတ်တွေကိုယ်စီနဲ့ ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားတဲ့မိုင်းကို
နင်းမိတဲ့အတွက် ပိုက်ဆံ ၃၀၀၀၀ စီကိုအတင်းတောင်းခံခဲ့ပါတယ်။
ယာဉ်မောင်းတွေက မိုင်းကြောင့် ယာဉ်လည်းပျက်စီးခဲ့တယ်။ မိုင်းနင်းမိတဲ့ အတွက်ကြောင့်
မိုင်းဖိုးကိုပြန်လျှော်ရတဲ့အတွက်ကြောင့် မိအေး ၂ခါနာဖြစ်ခဲ့ရပါတယ်။ KIA အဖွဲ့ က ဒီလိုမိုင်းကို လမ်းမှာထောင်ပြီး
မိုင်းဖိုးကိုပြန်လျှော်ခိုင်းတာတော့ မကောင်းပါဘူး။ သူတို့က အစိုးရကားတွေကိုဘဲ မိုင်းကိုနင်းစေချင်တဲ့ သဘောမျိုး
ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လဲ ဒီလမ်းကြောင်းဟာ ပြည်သူတွေသွားလာနေတဲ့လမ်း၊ ကုန်ပစ္စည်းတွေပို့နေတဲ့
လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေဘဲထိခိုက်မှာဖြစ်ပါတယ်။ KIA က သူတို့ထောင်ပြီးတော့ ပိုက်ဆံ
ရှာတဲ့ အနေအထားမျိုးကိုဖြစ်နေရပါတယ်။ အတင်းတောင်းလို့ အခြေ အနေမကောင်းလို့ ဒီလိုမိုင်ထောင်ပြီးတော့
မိုင်းဖိုးဆိုပြီး တောင်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လို့ ကုန်တင်ကား အများစုနဲ့ခရီးသည်တွေက မသွားရဲမလာရဲ
ဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလဲ အဆမတန် ကြီးမြင့်နေပြီး ကချင်ပြည်သူတွေလဲ ဒုက္ခရောက်နေရပါတယ်လို့
ကားသမားတစ်ဦးက KDN သတင်းဌာနသို့စာဖြင့်ပေးပို့ဆက်သွယ်လာခဲ့ပါတယ်။

မြစ်ကြီးနားမှ ပူတာအိုသို့သွားမည့်ကုန်တင်ယာဉ်များအား KIA မှ ပိတ်ဆို့


မေ ၃၀ ရက်
မြစ်ကြီးနားမှ ပူတာအိုသို့ ကုန်တင်ပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားကြီး/ ငယ် များကို မနေ့ မနက်
၈နာရီလောက်တွင် KIA အဖွဲ့မှ တန်ဖဲရွာနဲ့ တီယန်ဇွတ်ရွာကြားမှာ ပိတ်ဆို့ တားဆီးကာ မြစ်ကြီးနားဘက်သို့
ပြန်လည်လွှတ်ခဲ့တယ်လို့သိရှိရပါတယ်။
ကုန်ပစ္စည်းများကို ပူတာအိုသို့ပေးမပို့တဲ့အတွက်ကြောင့် ပူတာအိုမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး
ကုန်ပစ္စည်းတွေဈေးတက်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေဈေးတက်တော့ နေထိုင်တဲ့ သူတွေဘဲ ဒုက္ခရောက်
ကုန်မှာ ဖြစ်တယ်။ ပူတာအိုမှာနေတဲ့သူတွေက ကချင်မျိုးနွယ်စုတွေဘဲ ဖြစ်ပါတယ်။ နေထိုင်တဲ့သူအမျာစုက လ၀မ်နဲ့
လီစူး ကချင်မျိုးနွယ်စုတွေဘဲဖြစ်ပါတယ်။ ကချင် မျိုးနွယ် အချင်းချင်းမှာကို လူမျိုးရေးခွဲခြားနေတာထင်ပါတယ်။ အခုလို
ကုန်ပစ္စည်းတွေ မရောက်တော့ ဈေးတေတွ က်ပြီး ပိုက်ဆံရှိတောင် ၀ယ်လို့မရတော့တဲ့အခြေအနေနဲ့ ကြုံရမှာဘဲလို့
ကားသမားတစ်ဦးက ပြောကြားခဲ့ပါတယ်။

Wednesday 30 May 2012

ကချင်ပြည်နယ်မှ ပြည်သူတို့၏အသံ



မြစ်ကြီးနား မေ ၂၈
ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့်အမျိုးသား
လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ(၂)ရပ် ပူးပေါင်း၍ ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊
တိုင်းရင်းသားကိုယ်စားလှယ်များ မေ(၂၆)ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်ကို မသိရှိရပေမဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမဲ့
အစည်းအဝေးတစ်ခုလို့ ယူဆလို့ရပါတယ်။ ဒေသခံပြည်သူတွေကတော့ ကချင်လက်နက်ကိုင်အဖွဲ့ဟာ ကချင်လူထုကို
လုံးဝကိုယ်စားပြုတဲ့အဖွဲ့မဟုတ်တဲ့အကြောင်း၊ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး မရမဲ့အတူ ချေမှုန်းရေးလုပ်ပြီး ရှင်းပေးသင့်
ကြောင်းများဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။
မြစ်ကြီးနားကနေပူတာအိုသွားတဲ့လမ်း မိုင်တိုင်(၈၁)အားမှာ လေလ(၂၇)ရက်နေ့ က ခရီးသည်(၂၀)ဦးပါလာတဲ့
ကားတစ်စီးကိုကချင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရပ်တန့်ပြီး ဆက်ကြေး ကောက်ခဲ့ပါတယ်။ အဲဒီကားမှာလိုက်ပါလာတဲ့
အမျိုးသမီးတွေကိုလဲ ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေက မနန်ရွယ် မလီယန်ကျေးရွာ၊ မဂျာမိုင်လု(ဆွမ်ပရာ
ဘွမ်မြို့နယ်ခွဲ) မခင်သက်မွန် (ဆွမ်ပရာဘွမ်မြို့နယ်ခွဲ)စတဲ့ကျောင်းဆရာမ(၃)ဦးနဲ့ ဆယ်တန်းကျောင်းသူ(၂)ဦးဖြစ်တဲ့
မဂျာရာနဲ့ မဆိုင်းရာတို့ဖြစ်ပါတယ်။ကချင်KIAတပ်တွေဟာ အစိုးရတပ်လုံခြုံရေးမရှိတဲ့နေရာတွေမှာ လက်နက် အားကိုးပြီး
အနိုင်ကျင့်ဗိုလ်ကျနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရနေတယ်ဆိုပေမဲ့ ကချင်ပြည်နယ် မှာတော့
တကယ့်ကိုဆိုးရွားစွာ လူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်နေပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားချင်းအတူတူ လူမျိုးရေးခွဲခြား ဆက်ဆံခံရတာတွေရှိနေ
တာကြောင့် နေရာအနှံ့အပြားမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့စည်းပေးဖို့ တင်ပြနေပါတယ်။ တာလောကြီးမှာပြည်သူ့စစ်တပ်ဖွဲ့
ဖွဲ့ပေးထားသလိုမျိုး ခတ်ချိုကျေးရွာအုပ်စုမှာလည်း ဖွဲ့စည်းပေးဖို့ ရွာလူကြီးတွေကတင်ပြနေပါတယ်။ သူတို့ကျေးရွာ အတငွ်း
KIA တပ်တွေဝင်ရောက်လာပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတွေလုပ်နေတဲ့အပြင် သူတို့ရှမ်းလူမျိုးတွေ
အပေါ်အနိုင်ကျင့်ဆက်ဆံမှုတွေကြုံနေရကြောင်း၊ဒါ့အပြင် လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ပင် လုံခြုံမှု ကင်းမဲ့နေတဲ့အတွက်
ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
မန်စီမြို့မှာ တန်ဖိုးနည်းကျပ်(၂)သိန်းနဲ့(၂)သိန်းခွဲတန်ဖုန်းတွေစတင်ထုတ်ပေးတုန်းက ဆက်သွယ်မှုကောင်းမွန်
ပေမဲ့ ခုခါမှာတော့ ဆက်သွယ်မှုကောင်းမွန်ခြင်းမရှိဖြစ်နေပါတယ်။ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးကိုသွားရောက်မေး
မြန်းပေမဲ့ တိကျတဲ့အဖြေမပေးနိုင်တဲ့အတွက် ဖုန်းသုံးစွဲသူတွေအခက်အခဲတွေ့နေကြပါတယ်။ ဖုန်းသုံးသူအများစုဟာ
လက်လုပ် လက်စားတွေ ဖြစ်ပြီး ငွေကုန်ကြေးကျခံဝယ်ထားပေမဲ့ ဆက်သွယ်ပြောဆိုလို့ အခြေအနေမို့ အလွန်ပဲ
စိတ်မကောင်းဖြစ်နေ ကြပါတယ်။ မိုးနဲနဲအုံ့လာတာနဲ့ ဖုန်းလိုင်းတွေပြတ်တောက်သွားတဲ့ အပြင်အလုပ်လုပ်ချိန်နဲ့အခြား
အရေးကြီးတဲ့အချိန်တွေမှာဖုန်းခေါ်မရတဲ့ အခက်အခဲတွေမှာ ကချင်ပြည်နယ်ရဲ့မြို့ တော်တော်များများဖြစ်နေတယ်လို့
မိုးညှင်းမြို့ကဒေသတစ်ဦးကလဲ ပြောဆိုပါတယ်။
ကချင်လက်နက်ကိုင်KIA အဖွဲ့က ကျောက်မဲခရိုင်အုပ်ချုပ်ရေးရုံးသို့ မန်တုံ-နမ္မတူလမ်းနဲ့ တောလမ်းတွေမှာ
သွားလာမှု မလုပ်ဖို့ သွားလာတာတွေ့ရင် ပစ်သတ်မယ်လို့ အကြောင်းကြားလာပါတယ်။ ဒါနဲ့ပတ်သက်လို့ KIA တပ်တွေ
အနေနဲ့ သူတို့ကချင်ပြည်နယ်ကို ဖျက်ဆီးရုံတင်အားမရလို့ ခုခါမှာ ရှမ်းပြည်နယ်ဘက်ကို ကူးလာပြီး ဒုက္ခပေးနေတယ်လို့
ရှမ်းလူမျိုးတွေက ပြောဆိုနေပါတယ်။ကျောက်မဲမြို့ပတ်ဝန်းကျင်မှာ သွားလာနေရတဲ့ ၀န်ထမ်းတွေအနေနဲ့ ခရီးသွားလာရာ
မှာ စိုးရိမ်ကြောက်လန့်စွာနဲ့ သွားလာနေကြရပါတယ်။ နိုင်ငံတော် အစိုးရပိုင်းက KIA တပ်တွေအပေါ်မှာ
ငြိမ်းချမ်းရေးဆွေး နွေးဖို့ ရာနှုန်းပြည့်အခွင့်အရေးတွေ ပေးထားလျက်နဲ့ KIA ကငိမ်းချမ်းရေးကို ကျောခိုင်းပြီး
ထင်တိုင်းကျဲနေတာမျိုးကြောင့် ကချင်ပြည်နယ်လူထုနဲ့ ရှမ်းပြည်နယ်က လူထုတွေကတော့ အမြစ်ပြတ်ချေမှုန်းပစ်ဖို့
တောင်းဆိုနေကြပါတယ်။

ပန်းဝါမြို့နားတွင် KIA အဖွဲ့နဲ့ အစိုးရတပ်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်




မေ ၂၈ ရက်
မနေ့ မနက် ၉ နာရီခွဲလောက်မှ အစိုးရတပ်နဲ့ ဦးလဂွေးခမ်းဘောမ်ဦးဆောင်တဲ့ ကချင်ပြည်သူ့စစ် ပူပေါင်းအဖွဲ့
KIA မှ ပန်းဝါမြိုနားမှာ စောင့်ပြီးတိုက်ခဲ့ပါတယ်။ တိုက်ပွဲကတော့ ၂ဖက်တော်တော်လေးကို ပြင်ထန်ပါတယ်။
၁၀နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှ အစိုးရတပ်ဘက်က ၃ယောက်ဒဏ်ရရှိခဲ့ပါတယ်။ KIA
ဘက်ကတော့ ၁၀ ယောက်ကျပြီး သေနတ်တွေပါသိမ်းမိပါတယ်။ ဒဏ်ရာရခဲ့သူတွေကိုတော့ ဆွဲခေါ်သွားပြီး
တရုတ်ပြည်မှဆေးကုသလျက်ရှိပါတယ်။
KIA မှစောင့်ဆိုင်းပြီးတိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လဲ ပန်းဝါကရွာသားတွေက ပြည်သူ့စစ်ကို
သတင်းပေးတာခဲ့တာကြောင့် အစိုးရတပ်ဘက်က ထိခိုက်မှုနည်းတာဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် ဒီလိုမျိုးKIA
သတင်းတွေပေးတာသိပ်မရှိလှပါဘူး။ အခုနောက်ပိုင်းမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်များကို KIA သတင်းတွေရဲ့
သတင်းပေးပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ KIA ရဲ့ ကချင်ပြည်သူတွေကို အတင်းအဓမ္မနှိပ်စက်သတ်ဖြတ်မှု၊
မိုင်းထောင်ဖောက်ခွဲမှုတို့ကြောင့် KIA ကိုယုံကြည်မှုနည်းလာပြီး သူတို့ကို ကာကယ်ွပေးနေတဲ့ အစိုးရတပ်တွေကို
အားကိုးလာကြပြီး KIA ကိုတွန်းလှန်ဖို့အထိဖြစ်နေပါတယ်လို့ ရွာသားတစ်ဦးက KDN သတင်းဌာနသို့ သတင်းပေးပို့
လာပါတယ်။