မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့တာဟာ ဆယ်စုနှစ်ကျော်ခဲ့ ပါပြီ။ သူတိုတွေပြောတာကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးတွေကို ချိုးဖောက်နေလို့ပါတဲ့။ ဒီလိုပိတ်ဆို့ထားမှ လည်း အစိုးရကို အရေးယူရာရောက်ပြီး အစိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမယ်လို. သူတို.တွေကပြောနေ ကြပါတယ်။ ဒါပေ့မယ့်သူတို. ရည်ရွယ်တာကအစိုးရဆိုတာထက် ပြည်သူတွေကို အဓိကရည်ရွယ် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အစိုးရကိုပိတ်ဆို. အရေးယူထားရင် နိုင်ငံတွင်းမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များ နည်းပါးပြီး ပြည်သူတွေအလုပ်လက်မဲ့ ဖြစ်ပြီး အစိုးရက အလုပ်အကိုင်ဖန်တီးနိုင်မှု နည်းပါးစေကာ ပြည်သူတွေ စီးပွားရေးကြပ်တည်းစေမှာဖြစ်ပါတယ်။ ဒီလိုတွေ ဖြစ်လာခဲ့ရင် အစိုးရအပေါ် ပြည်သူလူထုက မကျေနပ်မှုတွေဖြစ်ပြီးဆန္ဒပြပွဲတွေ ဖြစ်ကာ ပြည်တွင်းထဲမှာ မတည်ငြိမ်မှုတွေ ဖြစ်စေရန် အနောက်နိုင်ငံတွေကရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို.က ဘာလို.ဒီလိုတွေလုပ်နေရတာလဲဆိုရင် မြန်မာနိုင်ငံဟာ သူတို.ရဲ့လွမ်းမိုး မှု ကို မခံရဘဲ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေလို.ပဲ။ ဒါပေ့မယ့်လည်းမြန်မာနိုင်ငံမှာ အစိုးရအသစ် တက်လာပြီးနောက်မှာတော့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကိုပိတ်ဆို. အရေးယူမှုတွေက အစိုးရကိုတိုက်ရိုက်မထိခိုက်ဘူးဆိုတာက တစ်ကြောင်း ၊ အစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများ ကို ပြုလုပ်ပြီး ပြည်သူလူထုရဲ.ဆန္ဒကို အလေးထားကာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာက တစ်ကြောင်း ၊ ထိုအကြောင်းအရာများကြောင့် စီးပွားရေးပိတ်ဆို. အရေးယူမှုတွေကို ပယ်ဖျက်ပေးဖို.စကားစလာခဲ့ပါတယ်။ ဒါပေ့မယ့်လည်း ပြည်သူအကျိုးကို အဓိကထားပါတယ်လို.ပြောနေတဲ့ လူထုခေါင်းဆောင်ပါဆိုတဲ့ ဒေါ်စုကတော့ စီးပွားရေးပိတ်ဆို.အရေးယူမှုတွေကို ပယ်ဖျက်ပေးမယ်ဆိုတဲ့ သတင်းကိုကြားတာနဲ့တင် အတင်းကို ကန်.ကွက်တားဆီးနေပါတော့တယ်။ ပြည်သူကိုအပေါစား စည်းရုံးပြီး ပြည်သူတွေရဲ. အခက်အခဲမှန်သမျှကို ဖြေရှင်းပေးပါမယ်လို. ပြောနေတာတွေဟာ ပါးစပ်ကပြောပြီး လက်တွေ.မှာ မဟုတ်ဘူးဆိုတာကို သူရဲ.လုပ်ရပ်တွေ သက်သေပြနေပါတယ်။ မိမိအာဏာရဖို. မိမိပါတီကောင်းစားဖို.ပဲ တွေးမနေသင့်ပါဘူး။ မိုက်ကိုင် စင်ပေါ်တက်ပြီး ပြည်သူကို အပေါစားစည်းရုံးမှုတွေ ပြောနေမယ့်အစား ပြည်သူအကျိုးရှိမယ့် အလုပ်တွေကို လက်တွေ.လုပ်ဆောင်သင့်ပါတယ်။ ပြည်သူကို ချစ်မြတ်နိုးပြီး ပြည်သူတွေရဲ့ အကျိုးကိုအမှန်တကယ် လိုလားပါတယ်ဆိုရင် အပေါစားစည်းရုံးမှုတွေကို ရပ်ပြီး အစိုးရနှင့်အတူလက်တွဲပြီး မြန်မာနိုင်ငံ ဖွံ.ဖြိုးတိုးတက်စေမယ့် အလုပ်တွေကိုလုပ်ရင်း သက်သေပြသင့်ပါတယ်လို.သာ ပြောချင်ပါတော့တယ်။
Saturday, 19 November 2011
ပြည်သူ.အကျိုးလုပ်နေတယ်တဲ့

Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment