Pages

Tuesday 3 July 2012

ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်အယောင်ဆောင် KIA တပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ


မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားရှစ်ခိုးကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ  KIA တပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသော ဒုက္ခသည် ယောင်ဆောင်နေသည့် လထော်ဘရန်ရှောင် ဆိုသူအား (၁၇ - ၆ - ၂၀၁၂) ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းကို မြစ်ကြီးနားရှိ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်နဲ့ သိက္ခာတော်ရ ခရစ်ယာန် ဆရာတချို့မှ ဦဆောင်ပြီး ၄င်းဖမ်းဆီးထားသူအား ချွင်းချက်မရှိ လွတ်ပေးရန် ဇူလိုင်လ (၆)ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အမှန်မှာ လထော်ဘရန်ရှောင်သည် KIA တပ်ဖွဲ့မှ ကိုယ်ပိုင်အမှတ် A- ၁၈၅၅၅ တပ်ကြပ်ကြီး အဆင့်ရှိသူဖြစ်ပြီး ၎င်း၏ KIA တပ်ဖွဲအတွင်းလုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့ ရာဇ၀တ်တရားသူကြီးထံ ၀န်ခံထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။ 


လထော်ဘရန်ရှောင် အနေဖြင့် တရားသူကြီးထံဖြောင့်ချက်ပေး ပြောဆိုသည်မှာ ၄င်းအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လခန့်က ဂရားယန်ရွာတွင် တောင်ယာလုပ်ကိုင်နေစဉ် KIA အဖွဲ့၏ လူသစ်စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန်တွင် စစ်သင်တန်း (၆)လခန့် တက်ခဲ့ရကြောင်း၊ သင်တန်းပြီသောအခါ ဒုတပ်ကြပ်အဆင့်ပေးပြီး ကိုယ်ပိုင်အမှတ်မှာ၊     A-၁၈၅၅၅ ဖြစ်ကြောင်း၊    ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ ယန်ကျင်းမြို့သို့ သွားရောက်ပြီး KIA တပ်ဖွဲ့အတွင်း အသုံးပြုရန်အတွက် AK-47 (၁၀) လက်၊ G-4 (၂၀)လက် ၊ M22 (၁၀)လက် ၊ M21 (၁၅) လက် ၊ စက်လက် (၂) လက် ၊ မိုင်းသေတ္တာ (၂)လုံး၊ ကျည်ဆံသေတ္တာ (၄)လုံး တို့ကို လားများနှင့် သယ်ဆောင်သည့် တာဝန်ကို ထမ်းဆောင်ရကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလခန့်တွင် လိုင်စင်စခန်းမှ အင်ဂွန်လစခန်းသို့ လူအင်အား (၂၀)ကို ဦးဆောင်ကာ သေနတ်ပေါင်းစုံ (၁၅)လက်နဲ့ မိုင်းသေတ္တာ (၁)လုံးတို့ကို ပို့ဆောင်ပေးရကြောင်း၊ ၄င်းနောက် အင်ဂွန်လစခန်းတွင် (၁)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊၂၀၀၉ ခုနှစ် (၁၁)လပိုင်းတွင် လိုင်စင်စခန်းသို့ ပြန်လည်ရောက်ရှိကာ မုန်ဆန်ယန်တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ရကြောင်း၊ သင်တန်း ဆင်းသောအခါ တပ်ကြပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် (၆)လပိုင်းတွင် အင်အား (၅၀)ဦးခန့်ဖြင့် ဗန်းမော်ဘက်သို့စစ်ကူသွားရာ လမ်းတွင်တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းအဖွဲ့မှ (၁၅)ယောက်သေဆုံးပြီး (၉)ဦး ဒဏ်ရာရသဖြင့် မုန်ဆန်ယန်သို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက် ပိုက်ဆာပါစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းစခန်းတွင် ဒုဗိုလ်နော်ရာနှင့် လူခြောက်ဦးမှ ဗမာတစ်ဦးအား ချုပ်နှောင်ကာ ဓားနှင့်ထိုးပြီး ညှင်းပန်းနှိပ်စက် ထားသည်ကို တွေ့ရှိရကြောင်း၊     ၄င်းမှာသွေးသံတရဲရဲနှင့် သေမလိုဖြစ်နေပြီး စကားမပြောနိုင်တော့ကြောင်း၊ ဗိုလ်နော်ရာက ၄င်းဗမာအား သတ်ခိုင်းရာ ဒုတ်ဖြင့် လည်ပင်းကို (၃)ချက်ရိုက်၍ သတ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် လိုင်စင်စခန်းသို့ထွက်ခွါခဲ့ကြောင်း၊ ၄င်းနောက် မိန်းမမီးဖွားရန် အကြောင်းပြပြီး လိုင်စင်စခန်းမှ ထွက်ခွာလာရာ (၂၈-၆-၂၀၁၁)ရက်နေ့တွင် မြစ်ကြီးနားရှိ အဒေါ်အိမ်တွင် (၁)လခန့်နေထိုင် ခဲ့ကြောင်း၊ ၄င်းမှတဆင့် ဂျန်မိုင်ကောင်ဒုက္ခသည် စခန်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်အတွင်းရှိ ဒုက္ခသည်စခန်းများကို တာဝန်ယူထားသော ခရစ်ယာန် သိက္ခာတော်ရ ဆရာအများစုမှာ ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်အမျာကို ကာကွယ် ပေးထားလျက်ရှိပြီး ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အယောင်ဆောင် KIA အများအပြားရှိကြောင်းသိရှိပါသည်။ ၎င်း KIA တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းတံတားများအား ဖောက်ခွဲခြင်း ပြည်သူလူထုအား တုန်လှုပ်ခြောက်ခြားအောင် ဆောင်ရွက်နေခြင်းတို့ကို ဆောင်ရွက်နေပါသည်။ ထို့ကြောင့် လာရောက်ခိုလှုံနေသော အမှန်တကယ် ဒုက္ခရောက်နေသည့် စစ်ဘေးဒုက္ခသည်များမှာ ပိုမိုစိတ်သောက ရောက်နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းအတွင်းမှ ကချင်ဒုက္ခသည်များ၏ သတင်းပေးမှုကြောင့် ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


2 comments:

  1.ြု့၏

    ReplyDelete
  2. ငါလိုးမသားသတင်းလီမ်တွေအစိုးရဆီဖင်ခံဘောယှက်လုပ်တဲ့ကောင်တွေမင်းတိုံတင်တဲ့သတင်းကိုမင်းတိုံစောက်ဗမာအချင်းချင်းဘဲပြောကြမအေးလိုးဗမာတွေ

    ReplyDelete