Pages

Tuesday 24 April 2012

အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးက NLD ကျမ်းကျိန်ခါနီးမှ ရေးခဲ့တာ မဟုတ်ဘူး

အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးက NLD ကျမ်းကျိန်ခါနီးမှ လုပ်ကြံ ရေးခဲ့တာ မဟုတ်ပါဘူး.... ၂၀၀၈ ကတည်းက ရေးခဲ့တဲ့ စကားလုံးဖြစ်ပြီး ၂၀၁၁ တုန်းက လွှတ်တော်အမတ်အားလုံးက ဒီလိုပဲ ကျမ်းကျိန်ခဲ့ကြတာပါ... လွှတ်တော်ထဲရောက်လျှင် ဒီလို ကျမ်းကျိန်ရမယ် ဆိုတာကိုလည်း အခြေခံဥပဒေ ထဲမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှင်းလင်းပြတ်သားစွာ တိတိကျကျ ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်..." တယ်လို့ အမည်မဖော်လိုသူ အမျိုးသား ဒီမိုကရေစီ ပါတီဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

"လွှတ်တော်ထဲရောက်ရင် ဒီလိုကျမ်းကျိန်ရမယ် ဆိုတာကို NLD က သိသိကြီးနဲ့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာပါ... အစကတည်းက မကျိန်နိုင်ဘူးဆိုရင် အခြေခံဥပဒေကို သပိတ်မှောက်ထားတဲ့ မူလ အစီအစဉ်အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်သင့်ပါတယ်...

၂၀၀၈ အခြေခံဥပဒေ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တို့ အရ ပါတီကို မှတ်ပုံတင်ခဲ့တဲ့ အပြင် ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီးမှ အခု ကျမ်းကျိန်ခါနီးမှ ဒီလို စကားမျိုးဆိုရင် မကျိန်နိုင်ဘူး ဆိုတာက အလွန်ကလေး ဆန်ပြီး ရှက်စရာ သိပ်ကောင်းပါတယ်..."

လို့ ၎င်း က ဆက်ပြောပါတယ်။
NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေ အရမှတ်ပုံတင်ကာ၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ပြီးမှ ၂၀၀၈ အခြေခံဥပဒေ ထဲက ကျမ်းကျိန် စာသားတွေကို မရွတ်ချင်ဘူးဟု ကပ်တွက်ကာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်ကို ဆန္ဒပြခဲ့ပါတယ်။ NLD ရဲ့ ၎င်း လုပ်ရပ်ဟာ လွှတ်တော် နှစ်ရပ်လုံးမှာရှိတဲ့ လက်ရှိ အမတ်အားလုံးကို စော်ကားတာဖြစ်သလို လွှတ်တော်တက်ပါမယ်လို့ အာမခံခဲ့ပြီး မဲအတင်းထည့်ခိုင်းခဲ့တဲ့ မဲဆန္ဒရှင်တွေကိုပါ စော်ကားသလို ဖြစ်နေပါတယ်။

အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးမှယ NLD ကျမ်းကျိန်ခါနီးမှ ရေးခဲ့တာ မဟုတ်ပဲ ယခင် အမတ် တစ်ထောင်ကျော် ကတည်းက ဒီအတိုင်း ကျိန်ခဲ့ပြီး တိုးတက်အောင် လုပ်ခဲ့လို့ ဒီတနှစ်အတွင်းမှာ ကမ္ဘာက မြန်မာကို အသိအမှတ်ပြုလာတာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့လွှတ်တော်ကို ကမ္ဘာက ချီးကျူးနေကြပေမယ့် အဲဒီလွှတ်တော်ထဲမှာ NLD မပါသေးတဲ့အတွက် ကြောင့် လုံးဝ မပါသေးပါဘူးဖြစ်ပါတယ်။

ဒီကနေ့ ၂၃ ရက်နေ့မှာ လွှတ်တော်နဲ့ ထိုက်တန်တဲ့ အမတ် အသစ်တွေ လွှတ်တော် ကျမ်းသစ္စာ ကျိန်ကြပါတယ်။ NLD အမတ်တွေ ခုထိ အမတ်မဖြစ်ရရှာသေးပါဘူး။ အမတ်ဖြစ်တော့မယ်ထင်ပြီး ခေါင်းပေါင်း ပေါင်းကျင့်နေတဲ့ အဆိုတော် ဇေယျာသော်လည်း သီချင်းပြန်ဆိုဖို့ ပြင်နေပြီလို့ ရန်ကုန်က ရပ်ပါ သတင်းရပ်ကွက်က လာတဲ့ သတင်းများအရ သိရပါတယ်။

                  ခေါင်းပေါင်း ကျင့်ခဲ့ရပေမယ့် လွှတ်တော် မတက်ခဲ့ရသည့် အဆိုတော် ဇေယျာသော်

NLD ပါတီအနေနဲ့ လွှတ်တော်ထဲ မရောက်ခင်တောင် စကားလုံးလေး တစ်လုံးအတွက် ကက်သီးကက်သတ် တွယ်ကပ် ထောက်ရှုနေမယ်ဆိုရင် လွှတ်တော်ထဲရောက်ရင် ဘယ်လိုမျက်နှာချင်းဆိုင်ပြီး အဆင့်တန်းရှိရှိဆွေးနွေးနိုင်မယ်လို့ မထင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကလည်း သုံးသပ်ထားပါတယ်။
အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးက NLD ကျမ်းကျိန်ခါနီးမှ ရေးခဲ့တာ မဟုတ်ဘူး




1 comment:

  1. lol. Yo bro.. NLD join the by-election because they have been given promised to change the wording. That’s why NLD participated in the by-election. I do agree with NLD we people should have the right to change the law those appear to be unlawful and unreasonable.
    Ok lets say as an example I would rule out one law which allow you to shit once in a week or else 500 pushups. Will you want to change this law or try to protect this law ?
    Pls grown up and wake up..

    ReplyDelete