Pages

Tuesday 27 March 2012

တပ်မတော်ကာကွယ်ရေးဦစီးချုပ်ဗိုလ်ချုပ်ကြီးမင်အောင်လှိုင် (၆၇) နှစ်မြောက်တပ်မတော်နေ့အခန်းအနားတွင်ပြောကြားသောမိန့်ခွန်း

                            ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၇) နှစ်မြောက်
                                            တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း


ရဲဘော်တို့

ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းနဲ့ အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့တဲ့ ဒို့တပ်မတော်ရဲ့ (၆၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ ခေတ်သစ်စနစ်သစ်နဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ ကာလမှာ ပထမဦးစွာ ကျင်းပတဲ့ တပ်မတော်နဲ့ အခမ်းအနားလည်း ဖြစ်လို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ်။


ရဲဘော်တို့

ဒို့နိုင်ငံတော်ကို နယ်ချဲ့ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ဒို့နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော်တစ်ရပ်ဖွဲ့စည်းထူထောင်ပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်မှသာ လွတ်လပ်ရေးရရှိနိုင်မယ်လို့ နားလည်ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာတွေ သင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘီအိုင်အေလို့ ခေါ်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဂျပန်တပ်များနဲ့ အတူ နယ်ချဲ့ဗြိတိသျှတွေကို မြန်မာနိုင်ငံကနေ တိုက်ထုတ်ခဲ့ကြတယ်၊ ဘီအိုင်အေ ဖွဲ့စည်းစမှာ အင်အား ၂၀၀ ကျော်သာ ရှိရာက အင်အား ၅၀,၀၀၀ ကျော်အထိ တိုးပွားလာတာကို စိုးရိမ်ပူပန်လာတဲ့ ဂျပန်တို့ဟာ ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ အစား အင်အား ၃,၀၀၀ ခန့်သာ ရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ဘီဒီအေကို ဗမာ့တပ်မတော်( ဘီအင်န်အေ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗမာ့တပ်မတော်ဟာ ပြည်သူလူထူနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗမာ့တပ်မ်တော်ကို မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်) လို့ ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ကြတယ်။ ဒီသမိုင်းကြောင်းတွေကို ကြည့်ခြင်းအားဖြင့် ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပြည်သူကြားကပေါက်ဖွားလာတဲ့ မျိုးချစ်တပ်မတော်ဖြစ်တယ်ဆိုတာ ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်တယ်။


ရဲဘော်တို့

သမိုင်းကြောင်းကောင်းတဲ့ ဒို့တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသူ ၊နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အစဉ်ကာကွယ်စောင့်ရှောက်ဖို့ အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်လျက်ရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ တရုတ်ဖြူ ကျူးကျော်စစ်အပါအ၀င် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှကို ဒို့တပ်မတော်သားတွေရဲ့ အသက်၊ ခန္ဓာတွေစွန့်လွှတ်ပြီး ကာကွယ်စောင့်ရှောင့်ခဲ့ကြတယ်။ ဒို့နိုင်ငံတော်ကြီးကို ဒုက္ခစေမယ့်၊ ပြိုကွဲပျက်စီးစေမယ့် ၊တိုင်းရင်းသားများ ချစ်ကြည်စည်းလုံးမှု ပြိုကွဲပျက်စီးစေမယ့်၊ ဒို့နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှနဲ့ အဖျက်လုပ်ရပ်မှန်သမျှကို သမိုင်အစဉ်လာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့သလို ရှေ့ဆက်ပြီးလည်း ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတော်သမိုင်းကြောင်းနဲ့ ခွဲခြားလို့မရကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

ဒို့တပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်ဖြတ်သန်းကျော်ဖြတ်လာတဲ့ ကာလအတွင်းမှာ မျိုးချစ်တပ်မတော်ခေါင်းဆောင် ကြီးတွေ ဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်ကို အရေအတွက်သာမက အရည်အချင်းပါတိုးတက်ကောင်းမွန်အောင် တည်ဆောက်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလည်း လူ၊လက်နက်အင်အားတိုးတက်ရေး ၊ စစ်ပညာရပ်များ မြင့်မာရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အားကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့ကြတယ်။ တပ်မတော်ကို ခေတ်မှီတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့တယ် ။၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော် အကြီးအကဲများက (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့ အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်၊ပစ္စည်း ၊ကိရိယာများ ဖြည့်ဆည်းအောင်ရွှက်ပေးခြင်း ၊ တပ်မတော် အဆင့် အတန်းမြင့်မားရေး အတွက် တပ်မတော်ဆိုင်ရာ တက္ကသိုလ် ၊စစ်ကျောင်း ကြီးများနဲံ လေးကျင့်ရေး ကျောင်းများကို အဆင့်မြင့် တင် ဖွင့်လှစ်ပေးခြင်းစတာတွေ ဆောင်ရွက်ပေးခဲ့ တယ် ။ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ က ဘက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့ ၊စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနဲံ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ် ။ ဒို့ တတွေ အနေ နဲ့လည်း တပ်မတော်ကြီးကို နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်နိုင်စွမ်းရှိတဲ့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မှီ မျိုးချစ် တပ်မတော် ဖြစ်အောင် ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ် ။


ရဲဘော်တို့ 

၁၉၈၈ ခနှစ်မှာ နိုင်ငံတော်ရဲံ အခြေ အနေ အရပ် ရပ် ယိုယွင်းပျက်စီးလာတာကြောင့် ဒို့ တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူခံပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ အတူလက်တွဲဆောင်ရွက်ခဲ့တယ် ။ ဒီလို ဆောင်ရွက်ရာမှာ နိုင်ငံရေး ၊ စီးပွါးရေး ၊ လူမှုရေး ဦးတည်ချက်တွေစနစ်တကျ ချမှတ်ဆောင်ရွက်ခဲ့ တာကြောင့် နိုင်ငံတော်ရဲ့  စီးပွါးရေး ၊လူမှုရေး ကဏ္ဍ မှာလည်း အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနဲ့

ငြိမ်းချမ်းရေးရယူနိုင်ခဲ့တယ် ။ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ရောက်ရှိအောင် ဖော်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့တာနဲံ အညီ အမျိုးသားညီလာခံကိုကျင်းပပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲ ခဲ့တယ် ။၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူဝါဒလမ်းစဉ် ၇ ရပ် ချမှတ်ပြီး အဆင့်လိုက်ဆက်လက် ဆောင်ရွက်ခဲ့တယ် ။ အမျိုးသားညီလာခံက တစ်ဆင့်ဖြစ်ပေါ်လာခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌန်းနိုင်ခဲံတယ် ။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲ ကျင်းပေပေးခဲ့ ပြီး ရွေးကောက် ပွဲမှာ ပြည်သူတွေ ရွေးချယ်လိုက် တဲ့ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ မှာ လွတ်တော်ခေါ်ယူကာ လွတ်တော်က ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ ထံနိုင်ငံတော် အာဏာအရပ်ရပ်ကို စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ် ။ ဒို့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်အောင် တပ်မတော်ဟာ ပေးထားတဲ့ကတိအတိုင်း မှန်ကန်တည်ကြည်စွာဖြင့် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးခဲ့တယ်။


ရဲဘော်တို့

ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက်လျှောက်လှမ်းတဲ့လမ်းကြောင်းမှာ တို့တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သတ်လို့ ပြောကြားလိုတယ်။ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထား သမိုင်းကြောင်းများအရ နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ဖို့အတွက် ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ညီညွတ်မှု့မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ထားတယ်။နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဒါဒချမှတ်ထားရာမှာ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ အချက်တစ်ချက်ပါရှိသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိတယ်လို့အတိအလင်းပြဠာန်းထားတယ်။ ဒါကြောင့်တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို စွဲမြဲစွာ ခံယူစောင့်ထိန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဠာန်းချက်များနဲ့အညီ လွှတ်တော်အသီးသီးမှာ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေတာဟာ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းများအရ တပ်မတော်က နိုင်ငံတော်ရဲ့အကျိုးကို ဖော်ဆောင်ဖို့ ပါဝင်ဆောင်ရွက်နေခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းပဲဖြစ်တယ်။ တပ်မတော်ဆိုတာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနဲ့ စနစ်တကျဖွဲ့စည်းထားတာဖြစ်တယ်။ ဒို့တပ်မတော်မှာ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတာကြောင့် ဒို့တပ်မတော်ဟာ အမျိုးသားတပ်မတော် တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ပဲဖြစ်တယ်။ ဒီကနေ့ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စုဖွား ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်စစ်မှု့ထမ်းဥပဒေအရ ၀င်ရောက်ခဲ့ကြသူများမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ၀င်ရောက်တာဝန်ထမ်းဆောင် နေကြသူတွေဖြစ်တယ်။ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှာ စိတ်ပင်ပန်းဆင်းရဲမှာ မိမိအသက်နဲ့ခန္ဒာကိုယ်အစိတ်အပိုင်းတွေ စွန့်လွှတ်ပေးဆပ်ရမှာကိုသိလျက်နဲ့ အခြေခံအားဖြင့် အလွန်မွန်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ဖို့ ၀င်ရောက်တာဝန်ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါ့အပြင့် ဒို့တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွား ပြည်သူလူထုရဲ့ အကျိုးစီးပွားများနဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်နေ တာဖြစ် သလို့နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး ဒေသအလိုက်ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင် ရွတ်လျက်၇ှိတယ်။ ဒီလိုဆောင်ရွတ်ရာမှာ ပါတီနိုင်ငံရေးကင်းရှင်းစွာနဲ့ လူမျိုးစွဲ၊ဒေသစွဲတွေမပါ၇ှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် အမျိုးသားနိုင်ငံရေး သက်သက်ကိုသာ ဆောင်ရွတ်နေတာဖြစ်တယ်။ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏမှာ စစ်မှန်သောမျိုးချစ်စိတ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တပ်မတော်က ပါဝင်ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းပြောကြားလိုတယ်။


ရဲဘောတို့

ဒို့တပ်မတော်သားတွေက တပ်မတော်နည်းဥပဒေ၊ အက်ဥပဒေတွေကို လိုက်နာ၇ုံသာမက နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ နယ်ဘက်ဆိုင်ရာဥပဒေကိုလည်း ပြည်သူများနည်းတူ လိုက်နာစောင့်ထိန်းကြရမယ်။ နိုင်ငံတော်ရဲ့  အသက်သဖွယ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို နိုင်ငံသားအားလုံးနဲ့ အတူဒို့တပ်မတော်က လေးစားလိုက်နာရမှာဖြစ်သလို ကာကွယ်စောင့်ရှောက် သွားရမှာလည်းဖြစ်တယ်။ နိုင်ငံတော်ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)မှာ"တပ်မတော်သည်နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိတယ်။"လို့ အတိအကျဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်တယ် ။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို.

ဒို့နိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့သော်လည်း နယ်ချဲ့တို့ရဲ့သွေးခွဲအုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားအချင်းချင်းအမြင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်ခဲ့ရတယ်။ ပြည်တွင်းပြည်ပထိုးနှုက်ချက်တွေကြောင့် အာဏာရပါတီ၊ အစိုးရနဲ့ လွှတ်တော်များအတွင်း အုပ်စုကွဲမှုတွေ ညီညွတ်မှုမရှိခဲ့တာတွေ ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဆောင် ရွက်ရမဲ့အချိန်မှာ ပြသနာတွေဖြေရှင်းနေရတာနဲ့ အချိန်ကုန်လူပင်ပန်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုတွေ နောက် ကျခဲ့ရတာကို သင်ခန်းစာယူရမှာဖြစ်တယ်။ ယခုအချိန်မှာ မှန်ကန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒို့တတွေအားလုံး နိုင်ငံတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စွာရှိနေစေရေးအတွက် စိတ်ကောင်းစေ တနာကောင်းနဲ. ညီညွတ်စွာဆောင်ရွက်ကြဖို.လိုတယ်။ နိုင်ငံတော်တစ်ရပ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ခေတ်အဆက် ဆက်ကြိုး ပမ်းခဲ့ရာမှာ ထာဝရငြိမ်း ချမ်းရေးရတဲ့အထိ အောင်မြင်မှုမရသေးတဲ့အတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်က အလေးထား ဆောင်ရွက်နေတယ်။ ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေး မယ့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး မယ့်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်မှာ ပြည်ထောင်စုလွှတ်တော်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အပြီးသတ်ဆောင်ရွက်သွားရန် ဖြစ်တယ်။ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ တပ်မတော်ဟာ သဘောတူညီချက်များအတိုင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်လျက်ရှိတယ်။ အခြေအနေပေးတဲ့ နေရာတွေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တစ်ဆက်တည်း အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိတယ်။ အသက်ခန္ဓာတွေကို စွန့်လွှတ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ကြရတဲ့ ဒို့တပ်မတော်ဟာ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားတယ်။ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံတော်နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုတယ်။


ရဲဘော်တို့

ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းနေတာ တစ်နှစ်သက်တမ်းသာရှိသေးတဲ့ ဒို့နိုင်ငံဟာ မြင့်မားခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနဲ့ ကာကွယ်ရေးစွမ်းအားတွေ မြင့်မားခိုင်မာစွာ အချိတ်အဆက်မိမိ ဟန်ချက်ညီစွာ တိုးတက်နေဖို့ လိုအပ်တယ်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒို့နိုင်ငံတော်မှာ နိုင်ငံရေးစွမ်းအားမြင့်မားရေး အခြေခံလိုအပ်ချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံအေးချမ်းတည်ငြိမ်မှုရှိရေးပဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှု ရှိလာတာနဲ့အမျှ အုပ်ချုပ်ရေးနဲ့ အစိုးရယန္တရားလည်ပတ်မှုတွေ ပီပြင်လာမယ်၊ တရားဥပဒေစိုးမိုးမှုနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ နိုင်ငံရေးစွမ်းအားစုတွေအားလုံး မှန်မှန်ကန်ကန် ပါဝင်ဆောင်ရွက်လာနိုင်မှာဖြစ်တယ်။ နိုင်ငံတကာမျက်နှာစာမှာ ၀င်ဆန့်မှုတွေ ပိုမိုအားကောင်းလာပြီး ပြည်တွင်းပြည်ပနိုင်ငံရေး အနေအထားတွေ မြင့်မားလာမှာပဲဖြစ်တယ်။

နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုဟာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ စီးပွားရေး တိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ နိုင်ငံတော်မှာရှိပြီးဖြစ်တဲ့ သဘာဝ သယံဇာတများနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးချပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုနဲ့နည်းပညာ၊ ၀န်ဆောင်မှုနဲ့ ကုန်သွယ်ရေုး

ကဏ္ဍတွေကို တိုး တတ်အောင်ဆောင် ရွက်နိုင်ရင် နိုင်ငံတော်ရဲ. စီးပွားရေးဟာ ဖွံ.ဖြိုးတိုးတတ်လာမှာဖြစ်ပါတယ်။ ဒီကနေ. ၂၁ ရာစုမှာ ၁၉ ရာစုနှစ်အတွေကလို နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက စစ်ရေးသက်သက်နဲ.ကျုးကျော်သိမ်းပိုက်ပြီး ကျွန်ပြုတဲ.ခေတ် မဟုတ်တော.ဘဲ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊လူမှူရေး၊ယဉ်ကျေးမှုစတဲ.နယ်ပယ်အသီးသီးကနေ နည်းမျိုးစုံနဲ. လွှမ်းမိုးချုပ်ကိုင်တဲ.နည်းတွေ ကျင်.သုံးဆောင်ရွက်လာကြတယ်။ ဒီလိုပြောင်းလဲလာတာတွေကြောင်. နိုင်ငံတော်ရဲ. လွပ်လပ်ရေးနဲ. အချုပ်ခြာအာဏာတည်တံ. ခိုင်မြဲရေးကို ကောင်းစွာကာကွယ်စောင်.ရှောက်နိုင်ဖို. ကာကွယ်ရေးစွမ်းအား မြင်.မားနေစေရေး အတွက် ဒို.တပ်မတော်ဟာ အင်အားတောင်. တင်းပြီးစွမ်းရည်ထက်မြက်တဲ. ခေတ်မီမျီုးချစ်တပ်မတော်တစ်ရပ်ဖြစ်ဖို.လိုအပ်တယ်။ အလားတူ စစ်ရေးမဟုတ်တဲ.နည်းလမ်းတွေနဲ.လွှမ်းမိုးချုပ်ကိုင်လိုမှုများကို ကာကွယ်စောင်.ရှောက်နိုင်ရေးအတွက် အားလုံး အမြင်ကျယ်ပြန်.စွာ သိရှိဆင်ခြင်စောင်ရွက်သွားဖို.လိုအပ်တယ်။

နိုင်ငံတော်ကာကွယ်ရေးစွမ်းအား မြင်.မားနေစေဖို. ဒို.တပ်မတော်အင်အားတောင်.တင်းခိုင်မာရေးအတွက် နိုင်ငံတော်၊ တပ်မတော်နဲ. နိုင်ငံသားအားလုံးက တတ်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးစွမ်းအား တောင်.တင်းခိုင်မာစေဖို. ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ရရှိပိုင်ဆိုင်ရေးအတွက် တပ်မတော်
ကလည်း သုသေသနပြု တီထွင်ထုပ်လုပ်ရမှာဖြစ်တယ်၊ မိမိတို.ထပ်မံလိုအပ်တဲ. စစ်လက်နက်ပစ္စည်းတွေကိုနိုင်ငံတော်ဘဏ္ဍငွေ ရရှိမှုပေါ်မူတည်ပြီး ၀ယ်ယူဖြည်. တင်းရမှာဖြစ် တယ်။ ဒေသတွင်းနိုင်ငံများ အပါဝင် နိုင်ငံ အသီးသီးက ကာကွယ်ရေးစွမ်း ပကားများမြှင်. တင်ဆောင်ရွက်နေတာကို မပြတ်လေ.လာပြီး မိမိတို.ကလည်းနိုင်ငံတော်ကာကွယ်ရေးအတွက် ပြင်ဆင်ဖြည်.တင်းဆောင်ရွက်သွားဖို.လိုတယ်။ တပ်မတော်ရဲ. စွမ်းပကား၊ ပြည်သူလူထုရဲ.စွမ်းပကားများ ပူးပေါင်းပြီး နိုင်ငံတော် ကာကွယ်ရေးစွမ်းပကားမြင်.မားခိုင်မာအောင် လုပ်ကြရမယ်။

စစ်သားကောင်းတို.ရဲ. အရည်အချင်းဟာ စစ်စည်းကမ်းကောင်းခြင်းနဲ. အမိန်.နာခံခြင်းတို.ဘဲဖြစ်တယ်။ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက် လှမ်းနေတဲ.နေရာမှာ စည်းကမ်းနဲ.စနစ်တကျရှိတဲ. လမ်းကြောင်းပေါ်မှာသာသွား ရမှာဖြစ်တယ်။ ဒါကြောင်.တို.တပ်မတော် သားတွေအနေနဲ. စစ်စည်းကမ်း၊ စစ်မြေပြင်စည်းကမ်းအပြင် နိုင်ငံတော်ကထုတ်ပြန်ထားတဲ. ဥပဒေ၊ စည်းကမ်းများကို
နိုင်ငံသားများနည်းတူ လေးစားလိုက်နာကြရမှာ ဖြစ်တယ်။ မည်သူမဆို မြို.၊ရပ်ကွက်၊ ကျေးရွာမှာနေရင် သက်ဆိုင်တဲ. စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာလုပ်ကိုင်နေထိုင်ရသလို၊ တပ်မတော်အတွင်းမှာလည်း တပ်ပိုင်းဆိုင်ရာ စည်းကမ်းများနဲ. လိုက်နာနေထိုင် လုပ်ကိုင်ကြရမှာဖြစ်တယ်၊ စစ်စည်းကမ်းဟာတပ်မတော်ရဲ. ကျောရိုးမဏ္ဍိုင်ဖြစ်တာနဲ. အညီ စစ်စည်းကမ်းကောင်းမွန်တာနဲ. အမျှ စိတ်ဓာတ်နဲ. အမိန်.နာခံမှုပါ အလိုလိုကောင်းလာတာတွေ. ရတယ်။ဒါကြောင်. တပ်မတော်ရဲ. ကျောရိုးမဏ္ဍိုင် ခိုင်မာစေဖို.အတွက် စစ်စည်းကမ်းကို အမြင်.မားဆုံး လိုက်နာစောင့်ထိန်းတဲ့ တပ်မတော်၊ အမိန့် နာခံမှုကောင်းတဲ့ တပ်မတော်အဖြစ် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးတွေက တည်ဆောက်ခဲ့ ကြတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့  ဒီကနေ့ အထိ နိုင်ငံတော်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာ ဒီလိုအခြေခံကောင်းတွေနဲ့ ပြည့်စုံခြင်း၊ တပ်မတော် အစဉ်အလာ(၁၂)ရပ် ပြည့်စုံခြင်းနဲ့  တပ်မတော်ရဲ့  အမျိုးသားနိုင်ငံရေးအသိ နိုးကြားမှု ရှိခြင်းတို့ ကြောင့်ဖြစ်တယ်၊ ဒါကြောင့် ရှေ့ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ တာဝန်၊ အမျိုးသားရေးတာဝန်တွေကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ဖို့  အခြေခံကောင်းတွေ၊အစဉ်လာကောင်းတွေကို ဆက်လက်သယ်ပိုး စောင့်ထိန်းသွားကြဖို့  မှာကြားလိုတယ်၊၊


ရဲဘော်တို့ 

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့  ဒို့ တပ်မတော်သားတွေဟာ စစ်ရေးအမြင်သက်သက်နဲ့  ရည်မှန်းချက်တာဝန်တွေ အောင်မြင်မှာမဟုတ်တဲ့  အတွက် စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေး အမြင်(၄)ရပ်ပြည့်စုံနေအောင် ဖြည့်ဆည်းနေကြဖို့  လိုအပ်တယ်၊ နိုင်ငံ တ ကာမှာဖြစ်ပေါ်နေတဲ့  ဖြစ်ရပ်တွေကိုမျက်ခြေမပြတ်လေ့လာပြီး ဒို့ နိုင်ငံရဲ့  ပကတိအခြေအနေနဲ့ အညီ ညီညွတ်စွာ ဦးတည်ချီတက်နေတဲ့  ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရေး နိုင်ငံတော်အချုပ်အခြာအာဏာ ထိပါးမခံရရေး၊ ပြည်သူ၊တပ်မတော်နဲ့  နိုင်ငံတော်အစိုးရပူးပေါင်းပြီး တရားဥပဒေနဲ့ အညီ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ဖို့  ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကိုမပြတ်လေ့လာနေုဖို့  လိုအပ်တယ်။ နိုင်ငံတကာရဲ့  တိုးတက်ဖြစ်ပေါ်နေတဲ့  စီးပွားရေးအခြေအနေများနဲ့  မိမိတို့ နိုင်ငံမှာ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့်  စီးပွားရေးလုပ်ငန်းများ သိရှိနေအောင် လေ့လာနေကြဖို့ လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်စေဖို့ အတွက် စိုက်ပျိုးရေးကဏ၊ စက်မှုကဏ နဲ့  ၀န်ဆောင်မှုကဏတွေ အချိုးကျကျ ပါဝင်နေဖို့ လိုအပ်တယ်။ ငွေကြေးခိုင်မာမှုရှိဖို့ လည်း လိုအပ်တယ်။ နိုင်ငံတော်ရဲံစားနပ်ရိက္ခာဖူလုံစေဖို့ အတွက် စိုက်ပျိုးရေးကဏ ကို လက်လွှတ်လို့ မရသလို ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့  စက်မှုနိုင်ငံအဖြစ် မဖြစ်မနေသွားရမှာဖြစ်တဲ့ အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ရရှိလာတဲ့ အရင်းအနှီးတွေနဲ့  စက်မှုကဏဖွံ့ ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရမယ်။ စက်မှုကဏဖွံ့ ဖြိုးတိုးတက်လာတာနဲ့ အမျှ ၀န်ဆောင်မှုကဏကိုလည်းတိုးတက်အောင် ဆောက်ရွက်သွားရမယ်။ လူနေမှုအဆင့်အတန်းမြင့်မားရေးနဲ့  အရင်းအနှီးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနဲ့  ၀န်ဆောင်မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားရမယ်။ ဒို့ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့  စီးပွားရေးဦးတည်ချက်တွေအတိုင်း တပ်မတော်က သက်ဆိုင်ရာကဏမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ဒီကနေ့  နိုင်ငံတော်ကချီတက်နေတဲ့  ဒီမိုကရေစီလမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေး သွားမှာဖြစ်လို့ ပြောင်းလဲလာ တဲ့ခေတ်စနစ်နဲ့အညီ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံတွေကို မျက်ခြည်မပြတ် လေ့လာနေကြဖို့ လိုအပ်တယ်။ ဒို့နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကို ရောက်ရှိဖို့တတ်လှမ်းနေတဲ့ ဒေသတွင်းနိုင်ငံကြီး ၂ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေရုံသာမက တောင်အာရှနိုင်ငံများနဲ့ အရှေ့တောင် အာရှနိုင်ငံများ ကို ပေါင်း ကူးဆက် သွယ်ပေးထားတဲ့ နိုင်ငံတစ်ခုအဖြစ် တည်ရှိနေတာ ရဲဘော်တို့အသိပဲဖြစ်တယ်။ ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသလို မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထားကို မှန်ကန်စွာရှုမြင်သုံးသပ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် မြေပြင်၊ ရေပြင်၊ ဝေဟင် ပိုင်နက်တို့ကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင်တွေနဲ့ ပြည့်စုံနေအောင် ကြိုးပမ်းနေကြဖို့ အလေးအနက် မှာကြားလိုတယ်။


ရဲဘော်တို့

မိမိတို့တပ်မတော်မှာ တပ်ဆင်ထားတဲ့ ခေတ်မီစစ်လက်နက် ပစ္စည်းတွေကို မှန်ကန်ထိရောက်စွာ အသုံးချနိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်အောင် လေ့ကျင့်နေကြရမှာဖြစ်တယ်။ ကိုယ့်နိုင်ငံ ရေမြေသဘာဝ အနေအထား၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့အညီ အံဝင်ဂွင်ကျဖြစ်မယ့် မှန်ကန်တဲ့စစ်နည်းဗျူဟာများကို ကျင့်သုံးနိုင်အောင်လည်း လေ့ကျင့်နေကြရမှာဖြစ်တယ်။ စစ်လက်နက်ပစ္စည်းတွေ၊ စစ်နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်ရမှာဖြစ်သလို လက်တွေ့စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်အောင် ကိုယ်ခန္ဒာကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပြည့်စုံအောင်လည်း လေ့ကျင့်နေဖို့ လိုအပ်တယ်။ ဒီလိုကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကောင်းမွန်မှုတွေနဲ့ ပြည့်စုံမှသာ စစ်မြေပြင်မှာ အောင်မြင်မှုတွေရရှိမှာ ဖြစ်တယ်။

ဒို့တပ်မတော်ကို စတင်တည်ထောင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီး(၃) ရပ်နဲ့ စနစ်တကျတည်ဆောက် ထားခဲ့တယ်။ ဒီလုပ်ငန်းကြီးတွေမှာ သူ့စနစ်နဲ့သူရှိပြီး၊ ကောင်းမွန်ပြည့်စုံပြီးဖြစ်တာကြောင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်း ပင်နီယံကြီး(၃)ခု ကောင်းမွန်စွာ လည်ပတ်နေအောင် ဆောင်ရွက်ခြင်းဖြင့် တပ်မတော်ရဲ့အုပ်ချုပ်ရေးကို ကောင်းမွန်းအောင် တည်ဆောက်သွားကြဖို့ မှာကြားလိုတယ်။


ရဲဘော်တို့

သက်သာချောင်ချိရေးမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနဲ့ စစ်သည်များကိုယ်တိုင် သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ခြင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို စစ်သည်မိသားစုများကိုယ်တိုင်ကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ခြင်း၊၀င်ငွေနှင့်ထွက်ငွေမျှတအောင် စိစစ်သုံးစွဲခြင်းဖြင့် မိသားစုသက်သာချောင်ချိ မှုရှိအောင်ဆောင်ရွက်ရမှာဖြစ်တယ်။ တပ်မိသားစုများရဲ့  စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဟာ မိသားစုများရဲ့  အသုံးစရိတ်ချွေတာနိုင်ပြီး သင့်တင့်တဲံအထောက်အပံ့ ရရှိစေမှာဖြစ်သလို တပ်မနော်တစ်ရပ်လုံးရဲ့ စိုက်ပျိုးရေးကဏ္ဍက ထွက်ကုန်များဟာ ဒေသထွက်ကုန်များ တိုးတက်မြင့်မားခြင်း၊ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထိုက်အလျောက်ဖြစ်စေခြင်းစတဲ့အကျိုးများရရှိတာကြောင့် တပ်မတော်ရဲ့  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တိုးတက်အောင် စေတနာထားပြီး ဆောင်ရွက်ကြရမှာဖြစ်တယ်။
အလုပ်တာဝန်တွေကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန်ခွဲဝေပေးခြင်း၊စစ်သည်များတပ်နေပျော်ရေးကို အလေးထားဆောင်ရွက်ပေးခြင်း၊သက်သာချောင်ချိရေးကို ညီညီမျှမျှရှိအောင် အလေးထားဆောင်ရွက်ပေးခြင်းစတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်တွေရဲ့  စိတ်ဓာတ်ပိုင်း ဆိုင်ရာများ မြင့်မားလာမှာဖြစ်တယ်။စစ်ပွဲအောင်နိုင်ရေးမှာ စိတ်ဓာတ်မြင်းမားရေးဟာ အဓိကကျတဲ့အတွက် တပ်မတော်တစ်ရပ်လုံးရဲ့  စိတ်ဓာတ်တိုးတက်မြင့်မားခိုင်မာရေးကို အလေးထား လုပ်ဆောင်သွားကြဖို့  မှာကြားလိုတယ်။


ရဲဘော်တို့ 

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ နိုင်ငံတော်ကိုခေတ်သစ်စနစ်သစ်နဲ့  ချီတက်နေတဲ့ အချိန်မှာ ဒို့ တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်များကို ထမ်းရွက်ကြရာမှာ (၆၇) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များဖြစ်တဲ့ -

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည် တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို စွဲမြဲစွာခံယူစောင့်ထိန်းရေး။
(ခ)နိုင်ငံတော၏် အမျိုးသားရေးနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့်ပြည်ထောင်စုစိတ်ဓာတ်ဖြင့်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး။
(င)ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သောဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။
(ဃ)နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောင်ရေး။

ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန်ထမ်းရွက်သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

Myanmar Express

No comments:

Post a Comment