Pages

Monday 28 May 2012

''နောက်ကြောင်းပြန်လှည့်မှာကို လိုလားကြသလား''






ကိုယ့်မြန်မာအကြောင်းပြောရတာကတော့ ရှက်တော့ရှက်တယ်ဗျာ၊ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသလိုတော့ဖြစ်နေတယ်ဗျာ။ မပြောမပြီး မတီးမမြည်ဆိုသလို ပြောတော့ပြောရအုံးမှာဘဲ၊ အစိုးရသစ်လက်ထက် အားကြိုးမာန်တက် ရုန်းကန်ကြိုးစားပြီး စီးပွားရေးပိတ်ဆို့မှုကြားက ရပ်တည်နေရတဲ့နိုင်ငံကို စာနာနားလည်ပေးကြဖို့ကောင်းတယ်ဗျာ။ အစိုးရသစ်လက်ထက် သဘာဝပတ်ဝန်းကျင်ပျက်စီးလို့ဆိုပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်တဲ့ အတွက်ကြောင့် သမ္မတကြီးကိုယ်တိုင် ပြည်သူ့ဆန္ဒကို အလေးထားပြီး သူ့ရဲ့သမ္မတသက်တမ်း ကာလမှာ ရပ်နားပေးလိုက်တာဟာ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းနေတဲ့နိုင်ငံအတွက် ဒီမိုကရေစီခြေလှမ်းအစနဲ့ တာထွက်ခဲ့တဲ့အစိုးရဖြစ်ပါတယ်။
    သြော်- လူ့လောဘ အတောမသတ်ဆိုသလို လိုအပ်ချက်တွေက မဆုံးနိုင်ပါ၊ ဒါကြောင့် ''လူ့အလိုနတ်မလိုက်နိုင်''ဆိုတာ ရှေးလူကြီးများရဲ့ဆိုရိုးစကားဖြစ်ခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အား ရရှိအောင် အစိုးရက ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ကြ ပေမဲ့လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကိုတော့ အမှန်တကယ် မလိုလားခဲ့တာပါ။ ကျွန်တော် တို့လည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့လည်း လောဘတွေက တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးတိုးပြီး မိမိလိုဘကို ရှေ့တန်းတင်ပြီး အလုပ်သမားအရေး၊ မတန်ရာမတန်ကြေး လုပ်ခတိုးတောင်း၊ မရရင်ဆန္ဒပြ လူညီရင် ဤကို ကျွဲသတ်မှတ်ချင်နေကြတော့ ရင်လေးမိပါတယ်။ ဒီလိုဘဲနောက်ကြရင် လွှတ်တော်ထဲမှာ ဤကို ကျွဲသတ်မှတ်ကြတော့မှာလား။
    အခုလည်း တစ်နိုင်ငံလုံး ၂၄ နာရီ မီးလင်းရေးဆိုပြီး လှုပ်ရှားကြပြန်ပြီ ကျွန်တော်တို့ အနေနဲ့ကတော့ ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာကိုတော့ ရှေ့တန်းက မားမား မတ်မတ်ရပ်ပြီး ပြည်သူအတွက် အသက်ပင်ပေးရပါစေ ဝန်မလေးပါဘူး၊ ငါတို့လည်း ၈၈ တုန်းက တစ်ပါတီစနစ်ကိုမကြိုက်လို့ ပါတီစုံဒီမိုကရေစီစနစ်ကိုရအောင် တိုက်ပွဲဝင်ခဲ့ကြတာပဲလေ။လူတိုင်းမှာ ကိုယ်စီအခက်အခဲရှိကြသလို တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေရဲ့ အခက်အခဲလည်း များစွာရှိနေမယ်ဆိုတာကို စာနာထောက်ထားသင့်ပါတယ်။ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်

တာကိုတော့ ရှေ့တန်းတင်ပြီး ကိုယ်လုပ်သင့်တဲ့အလုပ်၊ ကိုယ်ပြောချင်တဲ့စကားကိုတော့ ပြန်သုံးသပ် ဖို့လိုပါလိမ့်မယ်။ မြစ်ဆုံစီမံကိန်းကိုလက်မခံလို့ ရပ်ခိုင်းဖို့ ကျွန်တော်တို့ ကြိုးစားပေးခဲ့ပြီ၊ အခုလည်း တစ်နိုင်င့လုံးမီးလင်းရေး တဲ့၊ ကျွန်တော်တို့ကျောင်းသားဟောင်းတွေလုပ်နေတာက ပြည်သူတွေရဲ့ အခက်အခဲကို ကူညီဆောင်ရွက်ပေးဖို့၊ မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်ဖို့  ရပ်တည်ပေးနေတာပါ။ လူထုအြွုံကမှုဖြစ်ဖို့ကို ဦးတည်နေတာမဟုတ်ပါဘူး၊ ဒီလိုသာ စည်းမရှိ၊ ကမ်းမရှိ လိုချင်တာရှိတိုင်း ဆန္ဒပြနေကြမယ်ဆိုရင် ပြီးတော့မှာမဟုတ်ပါဘူး၊ အဖျက်အမှောင့်လုပ်ငန်းတွေ ပါလာနိုင်ပါတယ်။ မင်းမဲ့စရိုက်ဆန်စွာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သတိနဲ့ ဆင်ခြင်ကြဖို့လိုပါတယ်။ သူများ ယောင်လို့ လိုက်မယောင်ကြပါနဲ့၊ ဖရောင်းတိုင်တွေ ဈေးတက်တာဘဲအဖတ်တင်နေမှာဖြစ်ပါတယ်၊ ။မိုင်းခွဲလို့ ဓါတ်အားတွေလျော့နည်းတာကို အပြစ် မတင်ကြဘဲ ထစ်ခနဲရှိ အစိုးရသစ်ကိုဘဲ အပြစ်မြင်နေကြရင် ''တစ်ပြိုင်တည်းငါးနှစ်ကောင် ဖမ်းလို့မရ''ဆိုတဲ့ဆိုရိုးစကားအတိုင်း မြစ်ဆုံမှာငါးတစ်ကောင်ကို အပိုင်ဖမ်းပြီးဖြစ်တဲ့အတွက် ကျန်တစ်ကောင်ကိုတော့ လက်ရှောင် နေရင်ပိုကောင်းမှာပါ။ ဒီမိုကရေစီနိုင်ငံသစ်အစမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လျှောက်လှမ်း နိုင်အောင် အဖျက်အမှောင့်တွေရပ်တန်းကရပ်ပြီး မိမိတို့တင်ပြချင်တာကို တင်ပြလို့ရတဲ့ လွှတ်တော်အတွင်းမှာသာ ဆွေးနွေးကြရင် အနာဂတ်ဒီမိုကရေစီနိုင်ငံဟာ ပန်းပေါင်းဝေစီလို့ နေမယ်ဆိုတာ ဆန္ဒပြုရင်း '' ဆန္ဒမစောကြပါနဲ့'' ဆန္ဒစောလို့ အတိတ်ကို နောက်ကြောင်းလှည့်ပြန် သွားရင်ဖြင့် ခဲလေသမျှ သဲရေကျရတော့မဲ့ အဖြစ်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment