Pages

Thursday 7 June 2012

ကချင်ပြည်နယ်အတွင်းမှ ပြည်သူတို့၏ အသံများ

မြစ်ကြီးနား ဇွန် ၃
တနိုင်း-မြစ်ကြီးနား ကားလမ်းကြောင်းမှာရှိတဲ့ အချို့နေရာတွေမှာ KIA လက်နက်ကိုင်တပ်တွေနဲ့ အစိုးရ
တပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံခရီးသွားတွေအတွက် အခက်အခဲကြီးမားစွာ
ကြုံတွေ့နေရပါတယ်။ လမ်းကြောင်းမှာ KIA တပ်တွေမရှိဘူးထင်ပြီး သွားလာပေမဲ့ KIA တပ်တွေကစောင့်ဆိုင်းပြီး
ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ KIA နဲ့တွေ့လိုက်တာနဲ့ ပိုက်ဆံပေးရင်ပေး၊ ပိုက်ဆံမပေးနိုင်လို့ကတော့ သူတို့တပ်ဖွဲ့မှာ
လူသစ်အဖြစ်အမှုထမ်းကြရပါတယ်။ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေဆိုရင်လဲ ဖမ်းဆီးခေါ်ဆောင်ပြီး KIA ဗဟိုကို
ပို့ပေးရပါတယ်။ KIA ဗဟိုမှာတော့ ကိုယ်ရံတော်တပ်ဖွဲ့ဆိုပြီး အမျိုးသမီးတွေချည်းသီးခြားဖွဲ့စည်းထားတာရှိပါတယ်။
အခုဆိုရင် တနိုင်း-မြစ်ကြီးနားလမ်းမှာ ခရီးသွားလာသူမရှိသလောက်ဖြစ်နေပါတယ်။
ကာမိုင်းမြို့နယ်ခွဲအတွင်းမှာလဲ အစိုးရနဲ့ကချင်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။
ဒီလိုမျိုးတိုက်ပွဲတွေဆက်ပြီး ဖြစ်နေမယ်ဆိုရင် ကလေးတွေနောင်ရေးဟာ စိုးရိမ်ရပါတယ်။ ကလေးတွေမှာ စိုးရိမ်
ထိတ်လန့်မှုတွေနဲ့ကျောင်းတက်နေကြရပါတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။ သူတို့မိဘတွေအနေနဲ့
တစ်ခြားကျေးရွာတေဆွီ မှာကျောင်းပြောင်းထားဖို့ကျပြန်တော့လည်း ကချင်ပြည်နယ်တစ်ခုလုံးနီးပါး လုံခြုံရေး
စိုးရိမ်ရတဲ့အနေအထားဖြစ်နေတာမို့ တစ်ဒေသနဲ့တစ်ဒေသ သူမသာကိုယ်မသာလို့ပြောလို့ရပါတယ်။ အဓိကဖြစ်စေချင်
နေကြတာကတော့ KIA နဲ့အစိုးရတပ်တွေ ထာဝရငြိမ်းချမ်းတည်ဆောက်နိုင်ဖို့ပဲ လိုလားနေကြပါတယ်။
ဗန်းမော်မြို့က ခေါင်းရွက်ဗျတ်ထိုးဈေးသည် အချို့အနေနဲ့အရင်တုန်းက ဗန်းမော်မြို့ထဲကို နံနက်
အစောကြီး ၀င်ခွင့်ပေးခဲ့ပေမယ့် အခုအခါ လုံခြုံရေးဂိတ်တွေဖွင့်ထားပြီး အချိန်သတ်မှတ်ထားတဲ့အတွက် နောက်ကျမှ
ဝင်ခွင့်ရပါတယ်။ အဲလိုအချိန်နောက်ကျတဲ့အတွက် ရွာတေမွှာ လှည့်လည်ရောင်းချဖို့ အခက်အခဲရှိတယ်လို့
ပြောပါတယ်။ လုံခြုံရေးဂိတ်တွေထားရှိပြီး လုံခြုံရေး ဆောင်ရွက်နေတာ ဒေသခံတွေအတွက် အလွန်ပဲကောင်းပေမဲ့
ဈေးသည်တွေအတွက်တော့ ဈေးအတွင်းဝင်ရောက်ချိန် စောစောကြိုတင်ခွင့်ပြုပေးဖို့ ပြောနေပါတယ်။
ကသာ-ရွှေကူ-ဗန်းမော်လမ်းကြောင်းမှာပြေးဆွဲနေတဲ့ ရေယာဉ်တွေအနေနဲ့လူနဲ့ကုန်ပစ္စည်းတွေ တင်ဆောင်
ရာမှာ သတ်မှတ်နှုန်းထားထက် ပိုမိုတင်ဆောင်ပြေးဆွဲနေတယ်လို့ သိရပါတယ်။ အဆမတန်တင်ဆောင်နေတဲ့အတွက်
ခရီးသွားပြည်သူတွေအတကွ် အလန်ွပဲအန္တရာယ်များတဲ့အကြောင်း ရွှေကူသင်္ဘောဆိပ်မှာ ပြောဆိုနေကြ
ပါတယ်။ သင်္ဘောတေတွိမ်းမှောက်ခဲ့ရင် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်းတွေ လုံလောက်စွာထားရှိသင့်
သလို အရေးပေါ်မီးသတ်ဗူးတွေလဲ ချိတ်ဆွဲထားရှိပေးမို့ ပြောဆိုနေပါတယ်။
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှာရှိတဲ့ ၀န်ထမ်းမိသားစုနဲ့ ဒေသခံအချို့က မေ(၃၀)ရက်နေ့ ညပိုင်းမှာ
မော်ဖောင်းကျေးရွာ၊ နန်းကွေ့ချောင်းတံတားအနီးမှာ ကားပေါ်က လက်ပစ်ဗုံးတစ်လုံးပစ်ချသွားတဲ့ သတင်းနဲ့
ပတ်သက်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းတွေအနေနဲ့ အဲဒီကားကို အချိန်နဲ့
တစ်ပြေးညီ ဖမ်းဆီးနိုင်မှုမရှိတာကြောင့် နောင်မှာအဖျက်သမားတွေအနေနဲ့ ပိုမိုအတင့်ရဲလာမှာကို စိုးရိမ်နေကြ
ပါတယ်။

No comments:

Post a Comment